Pages

Friday, August 23, 2013

အမေရိကန် ဖလော်ရီဒါတွင် ပန်းကန်ပြားပျံများ တွေ့


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်တွင် UFO ဟုခေါ်သည့် ပန်းကန်ပြားပျံများ တွေ့ရှိ ကြောင်း သတင်းများ ထွက်ပေါ် ပြီးနောက် ပြည်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေကြကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။
အသက် ၃၂ နှစ်အရွယ်ရှိ မရဲဒစ်ဟော့ကာဒေး ဆိုသူသည် ဖလော်ရီဒါ ကမ်းခြေ မီးပြတိုက် အနီးတွင် သူမ၏ ခွေးနှင့်အတူ လမ်းလျှောက်နေ စဉ် ကောင်းကင်၌ ထူးဆန်းသည့် အလင်းရောင်များနှင့်အ...တူ ပန်းကန်ပြားပျံ ကို တွေ့ရှိရသဖြင့် ဗီဒီယို ရိုက်ကူးကာ အမျိုးသား UFO လေ့လာရေး အဖွဲ့သို့ ထိုဗီဒီယို မှတ်တမ်းကို ပေးပို့ခဲ့သည်။
ထိုဌာနက ဒါရိုက်တာဖြစ်သူ ပီတာဒါဗင်ပို့က ထိုမှတ်တမ်းကို လက်ခံ စစ်ဆေးကြည့်ပြီး သြဂုတ်လ ၇ ရက်နေ့က လွှတ်တင်ခဲ့သည့် Delta IV ဆိုသည့် ဒုံးပျံကြောင့် တိမ်သားတွင် အရောင်တောက်ကာ တိမ်ကို ပန်းကန်ပြားပျံအဖြစ် ယူဆခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဖလော်ရီဒါသား ၁၄ ဦး လောက်ထံမှ ရရှိခဲ့သော ဗီဒီယို မှတ်တမ်းများနှင့် ပတ်သက်၍မူ အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။
The Voice Weekly

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။