Pages

Monday, September 9, 2013

ဂရင်းကန်ညွန် ချောက်ကြီးနှင့် ဆင်တူသည့် ချောက်ကြီးတစ်ခု ဂရင်းလန်း ရေခဲလွှာ အောက်တွင် သိပ္ပံ ပညာရှင်များ တွေ့ရှိ


ဂရင်းကန်ညွန် ချောက်ကြီးနှင့် အရွယ်အစား တူညီသော အလွန်ကြီးမားသည့် ချောက်နက်ကြီး တစ်ခုကို ဂရင်းလန်း ရေခဲပြင်လွှာ အောက်တွင် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ချောက်ကြီးသည် အရှည်အားဖြင့် အနည်းဆုံး ၄၆၆ မိုင် ရှည်လျားပြီး ချောက်၏ အနက်မှာ ၂၆၂၄ ပေ အထိ နက်သည်ဟု သိရသည်။ အဆိုပါ ချောက်ကြီးသည် ပုံသဏ္ဌာန်အားဖြင့် ကွေ့ကောက် နေသည့်မြစ် လက်တက်နှင့် အသွင်တူပြီး သက်တမ်းမှာလည်း နှစ်သန်းပေါင်းများစွာ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ချောက်ကြီးကို airborne radar ဖြင့် ဖမ်းယူ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ radar သည် ရေခဲထုကို ထိုးဖောက်နိုင်သည့် အပြင် ကုန်းမြင့်အောက်ရှိ အရာဝတ္ထုများ ကိုလည်း ရှာဖွေနိုင်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ဆယ်စုနှစ်များစွာအတွင်း အာတိတ်ဒေသကို သုတေသန ပြုသူများက စုစည်း ထားသော တိုင်းတာမှု အချက်အလက်များကို ပေါင်းစည်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ဆက်စပ် လေ့လာမှုများ ပြီးဆုံးပြီးနောက်တွင် သိပ္ပံပညာရှင်များသည် ဂရင်းလန်း ပြည်နယ်၏ အလယ်ဗဟိုမှ မြောက်ဘက်သို့ ဆန့်ထွက်သွားသည့် မြေလွှာအောက်မှ ကျောက်သားတွင် အက်ကွဲကြောင်းကြီး တစ်ခု ရှိနေကြောင်းကို သက်သေ အထောက်အထားများ ရရှိခဲ့သည်။

အဆိုပါ ချောက်ကြီးသည် အာတိတ် သမုဒ္ဒရာနှင့် ဆက်သွယ်နေသည့် ပင်လယ် ရေဝင်လမ်း တစ်ခုတွင် အဆုံးသတ် သွားသည်ဟု ဗြိတိန်နိုင်ငံ ကိန်းဘရစ် အခြေစိုက် သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်ဗော့ဂန်က ပြောကြားသည်။
ref: မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။