Pages

Saturday, January 12, 2013

အင်းလေးအိုင် အလှ နှင့် သမိုင်း


 ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင် အကြောင်းတင်ပေးပြီးတော့ အခြားသော ဆိုဒ်များမှ သူငယ်ချင်းများကအင်းလေးအိုင်နှင့် ဒေသအကြောင်းကို ဆက်လက်တင်ဖို့တောင်းဆို သဖြင့်ဒီပိုစ့်ကို ရှာဖွေတင်ပြလိုက်ပါတယ်။

 

အင်းလေးအိုင်သည် မြန်မာပြည်တွင်ရှိသော ကုန်းတွင်း အင်း အိုင်များတွင်
ဒုတိယ အကြီးဆုံး ဖြစ်ပါသည်။ အင်းလေးအိုင်အကြောင်းကို ကျွန်တော်တို့
တော်တော်များများသိ ဖူးကြပါသည်။ အင်းလေးဟုဆိုလိုက်သည်နှင့်
ရွှေသားအတိဖြစ်နေသော ဖောင်တော်ဦးဘုရား ၊  လှေကို
လက်နှင့်မလှော် ခြေနှင့်ခပ်လှာ်ပုံတွေ ၊ ကျွန်းမျောတွေပေါ်မှာ စိုက်ကြ ၊ ပျိုးကြ ၊
နေထိုင်ကြပုံတွေ နှင် ရေပေါ်ဈေးတို့ကို အမှတ်ရမိကြပါသည်။