
အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ
အမျိုးသားသမိုင်းပြတိုက်တွင် လာရီမော့စ် ဦးဆောင်သောကျောင်းသား၊
ကျောင်းသူများက အမြင့် ပေ ၂၀ခန့်ရှိသော ဒိုင်နိုဆောရုပ်တု ကို
ပူစိဖောင်းများဖြင့် ပြုလုပ် ခဲ့ကြသည်။ ထိုရုပ်တုကို ပြုလုပ်ရန်
ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အစောပိုင်းတွင် ၎င်းနှင့်
ကျောင်းသားအခိျု့သာ ပါဝင်ပြုလုပ်မည်ဟု ရည်ရွယ်ခဲ့သော် လည်းနောက်ပိုင်းတွင်
ပါဝင်ကူညီသူ ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး ပြင်ပမှ
စေတနာ့ဝန်ထမ်းများက ၀ိုင်းဝန်းကူညီခဲ့ကြကြောင်း Airigami အဖွဲ့၏
ခေါင်းဆောင် လာရီမော့စ်က ပြောကြားသွားခဲ့သည်။