Pages

Thursday, January 16, 2014

ခြင်္သေ့မျက်နှာနှင့် လူ



လူရဲ့ခန္ဓာကိုယ် အပေါ်မှာ ထူးခြားစွာ အမွှေးအမျှင်များ ပေါက်နေသော
သူများ ရှိခဲ့ကြဖူးပါတယ်။ ထိုသူများဟာ သမိုင်းဝံပုလွေ ဟု လူသိများသည့်
ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားကြရသူများ ဖြစ်ပါတယ်။
ဒီလို ပုံစံထူးခြားနေသော်လည်း စိတ်ဓာတ်မကျပဲ ဘ၀ကို ရဲရဲရင်ဆိုင် ဖြတ်
သန်းခဲ့တဲ့ ခြင်္သေ့မျက်နှာနှင့်လူ ၊ လိုင်ယွန်နယ် ဟု အများက ခေါ်ဆိုကြတဲ့
စတတ်ဖဲင် ဘိုင်ဘရော့စကီး အကြောင်းကိုတင်ပြချင်ပါတယ်။

လိုင်ယွန်နယ် ကို ၁၈၉၁ ခုတွင် ပိုလန်နိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။သူ၏
ခန္ဓာကိုယ် တစ်ခုလုံးကို ရှည်လျားထူထပ်တဲ့ အမွေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။
တစ်ကိုယ်လုံး အနှံ့ပါ။ ဒါပေမယ် သူဟာ ဉာဏ်ပညာ အလွန်ကိုထက်မြက်ပြီး
ဘာသာစကား ၅ မျိုးကို တတ်မြောက်ပါတယ်။
၁၉၂၀ ၀န်းကျင်တွေမှာ သူဟာ ကွန်းနေး (Coney) မှာ ကျော်ကြား လူသိများ
ပါတယ်။ သူဟာ Dreamland  ဆက်ကပ် မှာ ကျွမ်းဘားအားကစားကို
ပြသဖျော်ဖြေ ခဲ့ပါတယ်။
လိုင်ယွန်နယ် ကဲ့သို့ ထူးဆန်းတဲ့ ရောဂါခံစားနေရသူများလည်း ယခုခေတ်တွင်
လည်းရှိပါတယ်။ ထိုင်းနိုင်ငံတွင်လည်း တစ်ယောက်ရှိပါတယ်။ ကျွန်တော်တို့
မြန်မာ သမိုင်းတွင်လည်း နန်းတွင်း၌ ပင်ခေါ်ယူထားရသော အမျိုးသမီးတစ်ဦး
ရှိဖူးကြောင်း မှတ်သားဖူးပါတယ်။ ဒီအကြောင်းများကို အကြောင်းသင့်လျှင်
ဆက်လက် တင်ပြပါအုံးမည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………….. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။