Pages

Thursday, January 16, 2014

ခရီးသွားနေတတ်သော ကြောင်ကလေး



အင်္ဂလန်နိုင်ငံ ၊ ပလိုင်းမောက် (Plymouth) မှ ကက်စပါ(Casper) အမည်ရှိ
ကြောင်ကလေး တစ်ကောင်ဟာ ဘတ်စ်ကားတစ်စီးကို နေ့တိုင်းအချိန်မှန်
စောင့်ဆိုင်းပြီး စီးလေ့ရှိပါတယ်။ ဒီလိုစီးလာတာဟာဆိုရင် လေးနှစ် ကျော်
ကြာမြင့်လာပါပြီ။ 

ဒီကြောင်ကလေးဟာ သူ့အိမ်အပြင်ဘက်မှ နေပြီး မနက် ၁၀ နာရီ ၅၅ တွင်
အမှတ် ၃ ဘတ်စ်ကား ကို အမြဲပဲ စောင့်ဆိုင်းစီးလေ့ရှိပါတယ်။
ပြီးတော့ ခရီးစဉ်အတိုင်း ၁၁ မိုင် (၁၈ ကီလိုမီတာ) ခရီးရှည်ကို လှည့်လည်
စီးပါတယ်။ တစ်နာရီခန့်ကြာမှ သူ့အိမ် ကို ပြန်ရောက်လာလေ့ရှိပါတယ်။
သူဟာ အဲဒီ ဘတ်စ်ကား၏ ပုံမှန်ခရီးသည်ဖြစ်နေသဖြင့် ဘတ်စ်ကားမောင်းသူ
များက သူဆင်းရမယ့် မှတ်တိုင် မှန်ရဲ့လား။သေချာရဲ့လားလို့ သတိထား ပြီး
သူ့ကို ပြန်လည် ချထားပေးလေ့ရှိပါတယ်။
နောက်ပိုင်းမှာ သူ့အကြောင်းကို ကမ္ဘာ့စာစောင်အသီးသီးမှာ ပါဝင်လာပြီး
နာမည်ကျော်လာခဲ့ပါတယ်။ သူ့ကို ဇာတ်အိမ်တည်ပြီး ရေးသားထားတဲ့ စာအုပ်
တွေတောင် ထွက်လာခဲ့ဖူးပါတယ်။
 နေ့တိုင်း မြို့ပတ်ပြီး ခရီးသွားနေတဲ့ ကြောင်ကလေးပေါ့ဗျာ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ……………. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။