Pages

Friday, March 18, 2016

သူကိုယ်တိုင်တင်ထားတဲ့ကမ္ဘာ့စံချိန်ကို ပြန်ချိုးဖျက်ပြလိုက်တဲ့ သံလိုက် လူသား

image aspx 0
အသက် ၄၁ နှစ်အရွယ် Etibar Elchyev ဆိုသူ  သံလိုက်လူသားဟာ သူ့ ရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက် တစ်ဝိုက်မှာ သတ္တုဇွန်း ၅၃ ချောင်းကို တွဲကပ်ပြပြီး လူ့ ခန္ဓာကိုယ်မှာ သတ္တုပစ္စည်းအများဆုံး တွဲကပ်နိုင်တဲ့ စံချိန် အသစ်ကို တင်လိုက်ပါတယ်။ ဂျော်ဂျီယာ လူမျိုးဖြစ်တဲ့ Elchiyev ဟာ ၂၀၁၁ ခုနှစ်ကလည်း သတ္တုဇွန်း ၅၀ ချောင်းကို ကပ်ပြ ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ အခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သူ့ ရဲ့ စွမ်းရည်ပြပွဲမှာ သတ္တုဇွန်း ၅၃ ချောင်းကို ကပ်ပြပြီး စံချိန်အသစ်ကို ထပ်တင်လိုက်ပါတယ်။
သူဟာ ဒီမှာ ရပ်တန့် နေမှာမဟုတ်ဘဲ ဆက်လက်စံချိန်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်းကို “ အချိန်တန်လို့ ရှိရင် ကျွန်တော် လေယာဉ်ပျံကြီးတစ်စီးလုံးကို ရွှေ့ ပြတာဖြစ်ဖြစ် ရထားလွတ်တစ်စီးကို ကျွန်တော့်သံလိုက်စွမ်းအားနဲ့ ရွှေ့ ပြတာဖြစ်ဖြစ် ၊အဲလိုမျိုးတစ်ခုလောက် လုပ်ပြသွားမှာပါ။ ကျွန်တော့်ရဲ့ ဖဲချပ်တွေကို ခင်ဗျားတို့ ကို တစ်ခါတည်း လှန်ပြမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။
Ref: bbc.co.uk

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။