Pages

Friday, July 1, 2016

ပင်လယ်ထဲကနေ အကြိုက်ဆုံးစားသောက်ဆိုင်ကို နေ့တိုင်းလာပြီး အစာတောင်းတဲ့ ဖျံကြီး

ဒီဖျံကြီးကတော့ အစွဲအလန်းကြီးပုံပါပဲ။ ဒီရဲ့ ပင်လယ်ဖျံကြီးကတော့ ပင်လယ်ထဲကနေ ကမ်းခြေနားမှာရှိတဲ့ မီးပြတိုက်လို့အမည်ရ ပင်လယ်စာ စားသောက်ဆိုင်ကြီးကို နေ့တိုင်းလိုလို လာရောက်စားသောက်တတ်တယ်လို့ သိရပါတယ်။

ဒီလိုလာဖို့အတွက်တော့ ဖျံကြီးဟာ ကုန်းပေါ်မှာ လမ်းတစ်လမ်းကိုလည်း ကူးရပါသေးတယ်။

စားသောက်ဆိုင်အရောက်မှာ အစားအစာတွေတောင်းစားပြီး ပင်လယ်ထဲကို ပြန်ဆင်းသွားတတ်တယ်။

တစ်ခါတစ်လေမှာတော့ ဒီဖျံကြီးကို စားသောက်ဆိုင်ပိုင်ရှင်က ခုံတစ်ခုံနဲ့ ခြောက်ပြီး ပင်လယ်ဘက်ကို ပြန်ခေါ်သွားတတ်ပြီး ငါးတွေကို ပစ်ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။
( Paing A K )
Credit;သစ်ထူးလွင်

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။