Pages
▼
အမေရိကန် သမ္မတ အိုင်စင်ဟောင်းဝါးသည် ဂြိုလ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ် ခဲ့ဖူးကြောင်း ပင်တဂွန်အကြံပေး ပုဂ္ဂိုလ်တစ်ဦးက အခိုင်အမာ ပြောကြား
အမေရိကန် သမ္မတဖြစ်ခဲ့သူ ဒွိုက်ဒီအိုင်စင်ဟောင်းဝါးသည် ဂြိုဟ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ်ခဲ့ဖူးကြောင်း အမေရိကန် အစိုးရအဖွဲ့ စစ်အကြံပေး ပုဂ္ဂိုလ်ဟောင်းတစ်ဦးက အခိုင်အမာ ပြောကြားခဲ့ကြောင်း
DMသတင်းဌာနက ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ၏
၃၄ယောက်မြောက် သမ္မတ အိုင်စင်ဟောင်းဝါးသည် ၁၉၅၄ခုနှစ်၌ နယူးမက္ကဆီကိုပြည်နယ်
ဝေးလံသီခေါင်လှသော လေတပ်အခြေစိုက် စခန်းတစ်ခုတွင် လျှို့ဝှက်စွာ
တွေ့ဆုံခဲ့ကြောင်း ကထိကနှင့် စာရေးဆရာ တစ်ဦးလည်းဖြစ်သူ တီမိုသီဂွတ်က
ပြောကြားခဲ့ပြီး အိုင်စင်ဟောင်းဝါးနှင့် အခြား အက်ဖ်ဘီအိုင် အရာရှိများသည်
ဂြိုလ်သားများထံသို့ စိတ်ချင်းဆက်သွယ်ကာ Messageများ
ပေးပို့ခဲ့သည်ဟုဆိုသည်။ ယင်းနောက် ဂြိုလ်သားများနှင့် နှစ်ဦးနှစ်ဖက်
တွေ့ဆုံမှုကို ဟိုလိုမန်းလေတပ် အခြေစိုက်စခန်းရှိ နေရာသုံးခု၌ ပြုလုပ်ခဲ့သည်
ဟုဆိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ၎င်းအပြင် အခြားသက်သေများ
စွာရှိသည်ဟု တီမိုသီက ဆိုသည်။
Credit:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။