Pages

Wednesday, November 16, 2016

တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာလောက် သောက်မှ နေသာထိုင်သာ ရှိသူ





August 21, 2014 ထူးဆန်းထွေလာ

ဗြိတိန်နိုင်ငံက အသက် ၄၆ နှစ်အရွယ်ရှိတဲ့ Sandra Heap အမည်ရ အမျိုးသမီး တစ်ဦးဟာ နွားနို့ကို အင်မတန် ကြိုက်နှစ်သက် စွဲလမ်းတဲ့ ရောဂါ ဖြစ်နေပါတယ်။ မနက် ၉ နာရီကနေ ည ၁၀ နာရီကြားအတွက် တစ်ရက်ကို နွားနို့ ဘီယာ ခွက် ၁၀ ခွက်စာ သောက်သုံးသူ ဖြစ်ပါတယ်။
၅၆၈ မီလီလီတာ စာခွက် ၁၀ ခွက်စာ ဖြစ် တာကြောင့် ဒါဟာ သာမန်လူထက် ၁၀ ဆကျော်မ က များနေခြင်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင် သည် ဖြစ်ပြီး သားသမနီး နှစ်ဦးလည်း ရှိပါသေးတယ်။
ကလေးတွေကို စာသင်စာပြတဲ့ ဆရာမ တစ်ဦး လည်း ဖြစ်ပါတယ်။ သူမရဲ့ နွားနို့သောက်သုံးမှုအတွက် တစ်ပတ်ကို ဗြိတိန်ပေါင် ၂၅ ပေါင် ငွေကြေး အားဖြင့် အသုံးပြုနေရ ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူမရဲ့ အမျိုးသား ဖြစ်သူ ကလည်း စိတ်ပျက် နေပြီ ဖြစ်ပြီး ဒီအတွက် အဖြေရှာ ကုသဖို့အတွက် ကြိုးစား နေပါတယ်။ သူမဟာ နွားနို့ မသောက် ရရင် မနေနိုင်အောင် အရက်စွဲသလို စွဲနေတဲ့ ရောဂါ ဖြစ်ပါတယ်။
ဒါကြောင့်မို့ပဲ ရက်ပိုင်းအတွင်းမှာလည်း ကိုယ်အလေးချိန် တက်လာသူ ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့ လည်း သောက်သုံးနေပါသေးတယ်။ ဒီအတွက် စစ်ဆေး ကုသမှု ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: metro.co.cuk
Credit:innewsmyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။