Pages
Wednesday, November 30, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၁ )
သူငယ်ချင်းတို့ ကိုဒီတစ်ခါ တင်ပြချင်တာက အာဏာရှိသူ
အဖြစ်အပျက်ကိုပါ။
      တတိယမြောက် နပိုလီယံ
၁၈၅၁ ခုနှစ်။တတိယမြောက် နပိုလီယံ အာဏာသိမ်းယူစဉ်
အချိန်မှာပါ။လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသူအမတ်ကြီး
ကောင်ဒီစိန့် အာနော့ တစ်ယောက်ချောင်းဆိုးတဲ့ရောဂါ အပြင်း
အထန်ခံစားနေရပါတယ်။တာဝန်တွေ အရေးကြီးနေချိန်မှာ
မခံမရပ်နိုင်အောင်ချောင်းဆိုးနေသဖြင့် သူဟာအလွန်ကိုဒေါသထွက်
စိတ်ပျက်နေပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာချောင်းဆိုးလွှန်းလို့ စိတ်ဆိုးနေတဲ့
အမတ်ကြီးက ''သေခြင်းဆိုးချောင်း ''('' Ma sacree toux!'')  လို့ 
ကိုယ့်ဟာကိုယ် ကြိမ်ဆဲလိုက်ပါတယ်။
အဲဒီအသံကို လက်ထောက်အမတ်က ''Massacrez tous''ကြားသွား
ပါတယ်။အဓိပ္ပာယ်ကတော့ ''လူတိုင်းကို သတ်ပြစ်လိုက်''ပါတဲ့။
အသံထွက်ကလည်း ဆင်တာကိုး။
ဒါနဲ့ လက်ထောက်အမတ်ကလည်း ပြန်လည်မမေးမြန်းတော့ပဲ
တာဝန်ကိုတိတိကျကျပြတ်ပြတ်သားသား ဆောင်ရွက်ပါတော့တယ်။
ထောင်ပေါင်းများစွာသောသူများဟာ အာဏာရှိသူများရဲ 
မှားယွင်းမှု | မစဉ်းစားမဆင်ခြင်မှု တို့ ကြောင့်အသက်တွေကိုပေးဆပ်
ခဲ့ရပါတယ်။
တိုက်ဆိုင်မှုကိုအပြစ်ဆိုရမလား။မစဉ်းစားမဆင်ခြင်စွာ  ဆောင်ရွက်တာ
ကိုပဲအပြစ်တင်ရမလား.....
ကျွန်တော်တို့ အရှေ့ တိုင်းမှာလည်းဒါမျိုးအဖြစ်အပျက်တွေများစွာရှိဖူးပါတယ်။
အဖြစ်တစ်ခုကတော့ သီရိဓမ္မာအာသောကမင်းကြီးပါ။
အာသောကမင်းဟာ သာသနာပြုမင်း |မင်းကောင်းမင်းမြတ်တစ်ပါးဆိုတာသိကြ
ပါတယ်။တစ်နေ့ သီလပြည့်စုံအကျင့်မှန်ကန်သော ရဟန်းစစ်များသည်
ရဟန်းအတုအယောင်များနှင့် အတူတူ ဥပုပ်ဆောင်မဝင်ရန်ဆုံးဖြတ်ကြသည်။
ထိုအခါတာဝန်ယူရသောအမတ်တစ်ဦးက မင်းကြီးကို လျှောက်တင်ပါသည်။
မင်းကြီးက သာသနာစည်ပင်စေလိုသော ဆန္ဒပြင်းစွာဖြင့် ဥပုပ်ဆောင် ဝင်ရန်
သာ မဖြစ်မနေစီစဉ်ခိုင်းပါသည်။
ဒီအခါ စဉ်းစားဆင်ခြင်မှုကင်းမဲ့သော အမတ်က ဥပုပ်ဆောင်မဝင်သော ရဟန်းစစ်
များကို ဝင်မလားမေး။ မဝင်တဲ့အခါ သတ်ပစ်လိုက်ပါတော့တယ်။
ဒါဟာဝမ်းနည်းကြေကွဲစရာ ကောင်းသောအဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုအဖြစ်မျိုးတွေကမ္ဘာမှာ ဘယ်လောက်ဖြစ်ခဲ့ကြသလဲမသိပါ။
ကျွန်တော် နေခရမ်း ဟာ ဒီဘဝဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ကိုရေးရခြင်း
ဟာ ယနေ့ ကျွန်တော်တို့ ခေတ်မှာဖြစ်ပျက်နေတာတွေသည် အရင်ကလည်း
ဖြစ်ခဲ့ဖူးတယ် ဆိုတာဗဟုသုတအဖြစ် ပြန်လည်တင်ပြခြင်းပါ။
ကျွန်တော်မှတ်သားဖူးတဲ့ အဆိုအမိန့်များမှာ
''သမိုင်းသင်ရတာက မအ အောင်လို့ ပါ''
ဟု မှတ်သားဖူးပါတယ်။အခြားအဆိုအမိန့် တစ်ခုမှာ
 ''သမိုင်းကို လေ့လာရခြင်းဟာ အရင်က အမှားမျိုးထပ်မမှားအောင်''
 ဟုမှတ်သားဖူးပါတယ်။မှန်ပါတယ်။ ကျွန်တော်တို့ သမိုင်းထဲမှ အဖြစ်အပျက်
များမှ အသိအမြင်တိုးပွားရသလို သူတစ်ပါးပြောတိုင်းမယုံ |အလိမ်မခံရပါ။
သမိုင်းဖြစ်ရပ်အထွေထွေမှ သင်ခန်းစာများကို ရယူရင်း နောင်ဒီလိုအမှားမျိုး
ထပ်မမှားကြရအောင် ရည်ရွယ်ရင်း ဒီပိုစ့်များကို ရေးရခြင်းဖြစ်ပါတယ်။
အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်ပါကြောင်း ပန်ကြားရင်း...
Jul 3, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။