Pages

Tuesday, December 27, 2016

ပြင်သစ်နိုင်ငံရဲ့ ရွာတစ်ရွာမှာ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်း ဖွင့်လှစ်

ပြင်သစ်နိုင်ငံက ကျေးရွာတစ်ရွာမှာ ဆိုလာပြားနဲ့ ခင်းထားတဲ့ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်းကို ဖွင့်လှစ်လိုက်ပါတယ်။ နော်မန်ဒီမြို့က Tourouvre-au-Perche ရွာမှာ တစ်ကီလိုမီတာ(၀.၆မိုင်) ရှည်လျားတဲ့ ဆိုလာလမ်း ခင်းခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးက ဒီဇင်ဘာ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တာပါ။

ဒီလမ်းခင်းဖို့အတွက် စုစုပေါင်း စတုရန်းပေ ၃၀၀၀၀ ရှိတဲ့
ဆိုလာပြား အချပ်တွေကို အသုံးပြုခဲ့ရပြီး အမေရိကန်ဒေါ်လာ ၅.၂ သန်း ကုန်ကျခဲ့ပါတယ်။ လမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ ကုန်တင်ကားတွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့အတွက် ဆိုလာပြားတွေကို ဆီလီကွန် အဓိကအသုံးပြု ထုတ်လုပ်ထားတဲ့ သစ်စေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။
ဆိုလာလမ်းဟာ လမ်းမီး ထွန်းနိုင်လောက်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏ ထုတ်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပြီး ပြင်သစ်နိုင်ငံက အမြန်လမ်းမှာ ဆိုလာလမ်းပိုင်းတွေ ထည့်သွင်းတည်ဆောက်ဖို့
ပြင်သစ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ၀န်ကြီးက မျှော်လင့်နေတယ်လို့ Times သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေကို ထောင်ပြီး အသုံးပြုတာနဲ့ နှိုင်းယှဉ်ရင် အပြားလိုက် လမ်းခင်းတာ စွမ်းအင်ရဖို့အတွက် ထိရောက်မှု နည်းတယ်လို့ ဆိုကြပါတယ်။

Nz (ရိုးရာလေး)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။