နေခရမ်း
ထူးဆန်းထွေလာ ၊ ဟာသ နှင့် သုတ/ရသလေးများ
Pages
(Move to ...)
မူလစာမျက်နှာ
ပြုံးစရာ
ဂရင်းနစ်မှတ်တမ်းများ
ထူးဆန်းလူသားများ
ထူးဆန်းတံတားများ
ထူးဆန်းအဆောက်အဦးများ
ထူးဆန်းအကြောင်းအရာများ
ထူးဆန်းနေရာများ
ထူးဆန်းသတ္တ၀ါများ
ထူးဆန်းရောဂါများ
ထူးထူးခြားခြားအနုပညာ
ထူးဆန်းမြန်မာ
သုတပဒေသာ
ဗွီဒီယိုဖိုင်
သုတ/ရသစာစုများ
ဆိုဒ်အကြောင်းလမ်းညွှန်
▼
Thursday, July 21, 2016
အမှတ်တမဲ့ အလွဲများ ( ၅၉ )
ဒီတစ်ပတ်အတွက် ပြုံးရွှင်စရာ ပုံလေးတွေ တင်ပေးလိုက်ပါပြီ။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...
နံပါတ်ပြား မပါဘူးလို့ မပြောနဲ့နော်...
ဟူးးး ဘာလုပ်ရမှာလဲကွယ်...
အမေရိကန် သမ္မတ အိုင်စင်ဟောင်းဝါးသည် ဂြိုလ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ် ခဲ့ဖူးကြောင်း ပင်တဂွန်အကြံပေး ပုဂ္ဂိုလ်တစ်ဦးက အခိုင်အမာ ပြောကြား
အမေရိကန် သမ္မတဖြစ်ခဲ့သူ ဒွိုက်ဒီအိုင်စင်ဟောင်းဝါးသ
ည် ဂြိုဟ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ်ခဲ့ဖူးကြော
င်း အမေရိကန် အစိုးရအဖွဲ့ စစ်အကြံပေး ပုဂ္ဂိုလ်ဟောင်းတစ်ဦးက အခိုင်အမာ ပြေ
ာကြားခဲ့ကြောင်း DMသတင်းဌာနက ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ၏ ၃၄ယောက်မြောက် သမ္မတ အိုင်စင်ဟောင်းဝါးသည် ၁၉၅၄ခုနှစ်၌ နယူးမက္ကဆီကိုပြည်နယ် ဝေးလံသီခေါင်လှသော လေတပ်အခြေစိုက် စခန်းတစ်ခုတွင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း ကထိကနှင့် စာရေးဆရာ တစ်ဦးလည်းဖြစ်သူ တီမိုသီဂွတ်က ပြောကြားခဲ့ပြီး အိုင်စင်ဟောင်းဝါးနှင့် အခြား အက်ဖ်ဘီအိုင် အရာရှိများသည် ဂြိုလ်သားများထံသို့ စိတ်ချင်းဆက်သွယ်ကာ Messageများ ပေးပို့ခဲ့သည်ဟုဆိုသည်။ ယင်းနောက် ဂြိုလ်သားများနှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုကို ဟိုလိုမန်းလေတပ် အခြေစိုက်စခန်းရှိ နေရာသုံးခု၌ ပြုလုပ်ခဲ့သည် ဟုဆိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ၎င်းအပြင် အခြားသက်သေများ စွာရှိသည်ဟု တီမိုသီက ဆိုသည်။
Credit:ပြည်မြန်မာ
အိန္ဒိယနိုင်ငံ၏ မိသားစုက ကမ္ဘာ့အကြီးဆုံး Albino မိသားစုအဖြစ် စံချိန်တင်
အိန္ဒိယနိုင်ငံမှ မိသားစုတစ်စုသည် အဖေနှင့် အမေသာမက ကလေးများပါ ခန္မာကိုယ်တစ်ခုလုံး ဆွတ်ဆွတ်ဖြူနေပြီး ကမ္ဘာ့အကြီးဆုံး Albinoမိသားစုအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။ လူပေါင်း ၁ဝဦးပါဝင်သော သူတို့မိသားစုတွင် ဖခင်ဖြစ်သူ ရိုဆက်တော်ရီ(၅ဝနှစ်)နှင
့် သူ၏ဇနီး မန်နီ(၄၅နှစ်)တို့သည် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ သူများဖြစ်သည်။ ၎င်းအပြင် ကျန်ရှိသည့် ၎င်းတို့၏ မိသားစုဝင် ရှစ်ဦးစလုံးမှာလည်း အဖေ အမေကဲ့သို့ပင် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေကြသည်။ ယင်းတို့အနက် သားများဖြစ်သော ရှန်ကာ(၂၄နှစ်) ရမ်ကီရှန်(၁၉နှစ်)နှင့် ဗီဂျေး(၂၅နှစ်)တို့ကို လည်းကောင်း၊ သမီးများဖြစ်သော ဒီးပါ(၂၁နှစ်)နှင့် ပူးဂျာ(၁၈နှစ်)တို့ကို ပုံတွင် တွေ့မြင်နိုင်သည်။ သူတို့သည် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ အိပ်ခန်းတစ်ခန်းသာ ပါဝင်သော အိမ်ကလေး၌ နေထိုင်ကြသည်။ သူတို့ဇနီးမောင်နှံသည် ၁၉၈၃ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ယင်းနောက် သူတို့၏သား ရှန်ကာသည် လက်ထပ်ခဲ့ရာ၌ မွေးဖွားခဲ့သည့် ကလေးမှာလည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသည်။ ၎င်းတို့၏ နောက်ဆုံး Albinoမျိုးဆက်ကလေးမှာ နှစ်နှစ်သား အရွယ်ကလေး ဒါရန်ရက်ဂ်ျဖြစ်သည်။ သူတို့နေထိုင်ရာ အရပ်၌ ၎င်းတို့ကို လူအများစုက နိုင်ငံခြားသာ လူဖြူများအဖြစ်ပင် မှတ်ယူကြကြောင်း သိရသည်။
Credit:ပြည်မြန်မာ
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၃ )
ဒီတစ်ခေါက် တော့သူငယ်ချင်းတို့ အတွက်တင်ပေး
ချင်တာကတော့ သူများအတွက် အသက်ပေးသွားတဲ့
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင် တစ်ဦးအကြောင်းပါ။
သူကတော့ ပထမဆုံးသားဖွားဆရာဝန်ဖြစ်ခဲ့တဲ့
ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ က ''ဒေါက်တာရုဒေါ့ဖ်ဗီ
ယက်သီးစ် '' ပါ ။ လွန်ခဲ့သော ၁၅၂၁ ခုလောက်က
သူသည်အမျိုးသမီး တစ်ဦးမီးဖွားနိုင်ရန် အကူအညီလိုသဖြင့်
အမျိုးသမီးကဲ့သို့  ရုပ်ဖျက်ကာ ကူညီမွေးပေးခဲ့
ပါတယ်။ အဲဒီလို ကူညီရခြင်း အကျိုးဆက်ကြောင့်
သူ့ ကို တိုင်မှာကြိုးဖြင့်ချီ၍ မီးရှို့ သတ်ကာ အပြစ်ပေးခံခဲ့
ရပါတယ် ။အဲဒီအချိန်က ရှိခဲ့တဲ့ စည်းမျဉ်းအရပေါ့။ ကြောက်စရာနော်။
ကိုယ်သေမယ်ဆိုတာ သိရက်နဲ့အသက်စွန့် ကူညီခဲ့တဲ့
နှလုံးလှဆရာဝန်အစစ်ပါနော်....
ယခုဆက်လက်ပြီး သခင်အပေါ်သစ္စာရှိပြီး လိမ္မာလှတဲ့ ခွေးလေးအကြောင်း
ကို ထပ်ပြီးတင်ပေးချင်ပါတယ်။
၁၈၁၂ ခုနှစ်က အီတလီပြည် မီလန်မြို့ ကစစ်သားတစ်ယောက်
ပိုင်တဲ့ တယ်ရီယာခွေးလေးတစ်ကောင်ဟာ ရုရှားပြည်ကို
နပိုလီယံ စစ်တိုက်တော့ သူ့ သခင်နှင့်အတူ အီတလီမှ မော်စကို
သို့ လိုက်ပါသွားခဲ့ပါတယ် ။ ဒီတိုက်ပွဲမှာ သူ့ သခင်စစ်သားလေး
ကျဆုံးသွားတော့ မိုင်ပေါင်း ''၁၇၀၀'' ဝေးတဲ့ မီလန်မြို့ ကိုပြန်လာ
ခဲ့ပါတယ်။ မြို့ ကိုရောက်ချိန်မှစကာ သူသခင် အရင်ကတာန်ကျ
ရာကင်းရုံဘေးနားမှာပဲ နေထိုင်ခဲ့ပါတယ်။ နောက်နှစ်နှစ်လောက်
အကြာ ဒီခွေးလေးသေဆုံးချိန်အထိ အဲဒီနေရာကနေ ဘယ်လိုပဲ
မောင်းထုတ်ပေမယ့် မရပဲ နေသွားခဲ့ပါတယ်။
သခင်အပေါ်သေဆုံးချိန်အထိ သစ္စာရှိသွားတဲ့ ခွေးလိမ္မာလေးပါ...
3/11/2013
မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.........
နေခရမ်း
‹
›
Home
View web version