Pages

Monday, January 23, 2017

ကမ္ဘာ့အကြီးဆုံး ရေကူးကန်ကြီး

ချီလီနိုင်ငံ ၊ ဆန်တီယာဂိုမြို့၏ အနောက်ဘက် ၆၂ မိုင် အကွာရှိ
Algarrobo မြို့မှ ရေကူးကန်ကြီးကို ကမ္ဘာ့အကြီးဆုံးရေကူးကန်ကြီး
အဖြစ် သတ်မှတ်ကြပါသည်။

ထိုရေကူးကန်ကြီးသည် ၁ ၀၁၃ မီတာ( ၃၃၂၃ ပေ ) အထိအရှည်
ရှိပြီး ဧက ၂၀ ကျယ်ဝန်းပါသည်။ထိုရေကူးကန်ကြီးသည် အိုလံပစ်ပြိုင်ပွဲ
များတွင် အသုံးပြုသော ရေကူးကန် ၂၀ ပေါင်းတာထက် ပိုပါသည်။

ရေအနက် ၁၁၅ ပေ ရှိပြီး ချီလီနိုင်ငံပင်လယ်ကမ်းခြေနှင့် အပြိုင်
တည်ရှိနေသော ကမ်းခြေတုကြီး တစ်ခုကဲ့သို့ တည်ဆောက်ထားခြင်း
ဖြစ်ပါသည်။


ပစိဖိတ်သမုဒ္ဒရာမှ ရေများကို ရယူထားပြီး သန့်စင်စစ်ထုတ်ပြီးမှ
ထိုရေကူးကန်ကြီးအတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။
ရေဂါလံပေါင်း ၆၆ သန်းအထိ ထည့်သွင်းထားရတာပါ။

ရေများမှာ အလွန်ကြည်လင်သန့်ရှင်းပါသည်။

San Alfonso del Mar resort ဟု အမည်ရပြီး ၂၀၀၆ ခုနှစ် ၊
ဒီဇင်ဘာလ တွင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။



သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။