Pages

Sunday, March 12, 2017

ကမ္ဘာ့အရှည်ဆုံး ရေပေါ်လျှောက်လမ်း

ရေပြင်ပေါ်မှာ ပေါ်လောပေါ်နေပြီး လျောက်လှမ်းသူများ အနေဖြင့် ရေပေါ်လမ်းလျောက် နေရသကဲ့သို့ ထင်မှတ်ရစေမည့် ကမ္ဘာ့အရှည်ဆုံးရေပေါ်လျှောက်လမ်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Luodian မြို့ရှိ ဆွေဟော်မြစ် အပန်းဖြေစခန်း တွင် တည်ဆောက်ထားပါသည်။

ထိုရေပေါ်လျှောက်လမ်းသည် အရှည်အားဖြင့် ၅၁၂၇.၃၇ မီတာ ( ၁၆၈၂၂ ပေကျော်) ရှိပါသည်။
ထိုရေပေါ်လျှောက်လမ်းကြီးကို ရေပေါ်ပေါ်စေသည့် အရာဝတ္ထုပေါင်း ၂၂၂,၅၀၀ ခုဖြင့် ပံ့ပိုးတည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းတို့အား မြစ်ကြမ်းပြင်အောက်ခြေတွင် ကျောက်ချထား၍ ရေမျက်နှာပြင် အနိမ့်အမြင့်အလိုက် အထက်အောက် အလိုက်သင့် ရွေ့လျားနိုင်ကြောင်း သိရသည်။ထိုသို့ဖြင့် ရေပေါ်မှာ ပေါလောပေါ်နေသော ရေပေါ်လျှောက်လမ်း အဖြစ် ဖန်တီးထားခြင်းပါ။


ထိုလှပသော ရေပေါ်လျှောက်လမ်းကြီးသည် ၎င်းအမျိုးအစားရေပေါ်လမ်းများအနက် ကမ္ဘာပေါ်တွင် အရှည်ဆုံးရေပေါ်လျောက်လမ်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။





သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။