Pages

Monday, March 20, 2017

မျက်မမြင်သခင်အား အသက်ဘေးမှ ကယ်တင်ခဲ့သည့် ခွေးလိမ္မာ


အသက် ၆၁ နှစ်ရှိ ဆစ်ဆီဝီလျှံ ဆိုသူ မျက်မမြင်တစ်ဦးသည် လမ်းပြခွေးအကူအညီဖြင့် နယူးရောက်ဘူတာရုံတွင် လမ်းလျောက်နေပါသည်။ ထိုသို့လမ်းလျောက်နေရင်း ၀ီလျှံသည် ရထားလမ်းနံဘေးသို့ ချော်လဲပြုတ်ကျခဲ့ပါသည်။ ၀ီလျှံသည် ချက်ချင်းပြန်ထ မတ်တပ်ရပ် လိုက်ပါက ခုတ်မောင်းလာနေသော ရထားတိုက်ခံရမည် ဖြစ်ပါသည်။ ထိုသို့အခြေအနေတွင် သူ၏အဖော် ခွေးမှ ၀ီလျှံအပေါ်ခုန်အုပ်ကာ မတ်တပ်ရပ်၍ မရရန် ပြုလုပ်ခဲ့ပါသည်။ ၀ီလျှံမှ အတင်းရုံးသော်လည်း မရမက ဖိထားခဲ့ပါသည်။
ထို့ကြောင့်ပင် ၀ီလျှံအနေဖြင့် ရထားတိုက်ခံ သေဆုံးရခြင်းမှ ကင်းဝေးခဲ့ပြီး ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပါသည်။ နောက်ပိုင်း ထိုအခြေအနေကို အစအဆုံးတွေ့မြင်သူများမှ ၀ီလျှံကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ခွေးကလေးကို ၀ိုင်းဝန်းချီးကျူးခဲ့ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။