Pages

Sunday, March 12, 2017

မက္ကဆီကို ရှိ ဂူတစ်ခုအတွင်း သက်တမ်း နှစ်ပေါင်း ၅၀,၀၀၀ အထိ အသက်ရှင်နိုင်သည့် အဏုဇီဝပိုးမွှားများ အား တွေ့ရှိ


ဟူစတန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ၏ လူသိများထင်ရှားသော နိုင်ကာမိုင်းတွင်းရှိ ဧရာမ သလင်းကျောက်များအတွင်း ပိတ်မိနေသော အဏုဇီဝပိုးမွှားများသည် သက်တမ်း နှစ်ပေါင်း ၁၀,၀၀၀ မှ ၅၀,၀၀၀နှစ် အထိ အသက်ရှင်နိုင်ကြကြောင်း သိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။

နိုင်ကာမိုင်းတွင်းသည် ခဲ၊ သွပ် နှင့် ငွေ များထွက်သည့် မိုင်းတွင်းတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်တွင် တည်ရှိကြောင်း နှင့် အဆိုပါ မိုင်းတွင်း၌ အချင်း ၁.၂မီတာ နှင့် အလျား ၁၅မီတာ ရှည်လျားသည့် ကြီးမားသော သလင်းကျောက်များ တည်ရှိကြောင်း သိရသည်။
ယင်းမိုင်းတွင်း ၏ အတွင်းပတ်ဝန်းကျင်သည် အလွန်ပူပြင်းစိုထိုင်းကာ တစ်ခါတစ်ရံ အမြင့်ဆုံးအပူချိန် သည် ၆၀ဒီဂရီ စင်တီဂရိတ်ခန့်ရှိကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။