Pages

Thursday, April 20, 2017

အိမ်ခေါင်မိုးပေါ် ခေါင်းစိုက်ကျတဲ့ကား


တောင်အာဖရိကနိုင်ငံ ကမ်းရိုးတန်းမြို့ ဒါဘန်တွင် ကားတစ်စီးသည် လမ်းအမြင့် ပေါ်ကနေ လမ်းချော်လွင့်ကျကာ အောက်က အိမ်ပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားကြောင်း သိရသည်။
        ကုန်းမြင့်လမ်းပေါ်တွင် မောင်းနေစဉ် လမ်းဘေးအကာတန်းကို တိုက်မိပြီး အောက်ကို ကားသည် လွင့်ကျသွားကြောင်း သေကံမရောက် သက်မပျောက်ခဲ့သည့် ဒရိုင်ဘာကပြောသည်။ ဒါဘန်မြို့ ကွာမာ ဟူသာမြို့နယ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။
    ခေါင်မိုးပေါ် ကားပြုတ်ကျကာ ခေါင်းစိုက်သွားသော အိမ်ခန်းထဲတွင် လူမရှိဘဲ ဘေးခန်းတွင်သာ အိပ်နေသူတစ်ယောက် ရှိသည်။ ထိုသူသည်လည်း ဒဏ်ရာပင် မရရှိခဲ့ကြောင်း သိရသည်။
              “တော်တော်ကို ကံကောင်းထောက်မ ကိစ္စလို့ ပြောရမှာပဲ။ ဒီလောက် ကားတစ်စီးလုံး မိုးပေါ်ကနေ လွင့်ကျလာတာတောင် ကားမောင်းသူရော၊ အောက်ကလူတွေပါ ဒဏ်ရာလေးတောင် မရဘဲလွတ်မြောက်ခဲ့ကြတယ်”ဟု အရေးပေါ်ဌာန ER24 မှ ပြောရေးဆိုခွင့်ရှိသူ ပီတာရိုဆိုးက ပြောသည်။
             တောင်အာဖရိကသည် ယာဉ်တိုက်မှုနှုန်း မြင့်မားသောနိုင်ငံဖြစ်သည်။ အများအားဖြင့် မူးပြီးမောင်းမှု၊ ယာဉ်မောင်း မဆင် ခြင်မှုများကြောင့်ဖြစ်သည်။
Source: BBC
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။