Pages
Monday, May 29, 2017
ပြင်သစ်နိုင်ငံ မှ တစ်ရက်နှစ်ကြိမ် ဒီရေမြုပ်သော လမ်း
ပြင်သစ်နိုင်ငံမှ Passage du Gois အမည်ရှိလမ်းသည် သဘာဝတရားကြောင့် လှပနေသလို အန္တရာယ်လည်း များလှပါသည်။ Noirmoutier ကျွန်းနှင့် ဆက်သွယ်သော အမှတ် D948 လမ်းမကြီးမှ လမ်းပိုင်းတစ်ခုသည် ပင်လယ်ဒီရေ အတက်အကျကြောင့် တစ်ရက်လျှင် နှစ်ကြိမ် ရေမြုပ်လေ့ ရှိပါသည်။
ထိုရေအောက်မြုပ်လေ့ ရှိသည့် လမ်းပိုင်း အရှည်မှာ 4.3km ( ၂.၅၈ မိုင် ) အထိရှိပါသည်။ တစ်နေ့နှစ်ကြိမ် ရေမြုပ်လေ့ ရှိပြီး ရေမြုပ်သည့် အချိန်၌ 1.5 – 4 မီတာ ( ၅ ပေ မှ ၁၃ ပေ ) အထိ မြုပ်ပါသည်။
ထိုသို့ ကျွန်းသို့ ဆက်သွယ်သည့် လမ်းကြောင်းကို ၁၅၇၇ ခုနှစ်ကတည်းက ဒေသခံများက စတင်တွေ့ရှိကြခြင်း ဖြစ်ပါသည်။ ထိုအချိန်မှ ယခုအထိ ထိုလမ်းကြောင်းကို ဒေသခံများ နှင့် ခရီးသွားများက အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ ထိုလမ်းပိုင်းတွင် ဒီရေတက်ချိန်ကို ကြိုတင်သတိပေးခြင်းများ ၊ သတိပေး ဆိုင်းဘုတ်များ ၊ အန္တရာယ်သတိပေးဆိုင်းဘုတ်များ နှင့် နားခိုရပ်နားရန် နေရာများ သတ်မှတ်ပေး ထားပါသည်။
ထို့ပြင် လမ်းတစ်လျောက် အမှတ်အသားတိုင်များကိုလည်း ချပေးထားပါသည်။ ယခုအခါ ထိုလမ်းပေါ်သို့ ခရီးသွားအများသည် တကူးတက လာရောက်ကာ လည်ပတ်လေ့ရှိကြပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။