Pages

Monday, May 29, 2017

စိတ်ဖိစီးနေလျှင် ကျန်းမာရေးနဲ့ ညီအောင် စားဖြစ်နိုင်ခြေနည်း


စိတ်ဖိစီးမှုက ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှု ပုံစံကို ပျက်ယွင်းစေကြောင်း သိပ္ပံပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြသည်။
          အခက်အခဲနှင့် ရင်ဆိုင် နေရချိန်တွင် သစ်သီး တစ်စိတ်ထက် ခေါက်ဆွဲ တစ်ပွဲ စားလိုက်မှ နေသာထိုင်သာ ရှိသည်ဟု ခံစားရလေ့ ရှိကြသည်။ သိပ္ပံပညာရှင်များက ရေခဲရေတွင် သုံးမိနစ်ကြာ လက်ရေ စိမ်ခိုင်းပြီး၊ ကျန်းမာရေးနှင့် မညီညွတ်သည့် ကိတ်မုန့်နှင့် ဒိုးနတ်ကဲ့သို့သော အစားအသောက်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အရသာ နည်းသည့် ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်သော အဆာပြေ စားစရာကို ယှဉ်ရွေးခိုင်းရာ ပါဝင်သူ (၂၉) ဦးမှာ ကျန်းမာရေးနှင့် ညီသည်ထက် အရသာ ရှိသည်ကို  ဦးစားပေး ရွေးချယ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
           ထိုသူများ၏  ဦးနှောက်ကို စောင့်ကြည့် လေ့လာရာတွင်လည်း စိတ်ဖိစီးမှု ခံစားနေရချိန်တွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းကြောင်း တွေ့ရသည်။
          အတန်အသင့် စိတ်ဖိစီးနေရ သူများကို ပိုအတွေ့ရများပြီး၊ ယင်းတို့တွင်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေခြင်းမှာ သတိထားရမည့် အချက် ဖြစ်ကြောင်း လေ့လာ သုတေသန ဦးဆောင်သူ ဇူးရစ် တက္ကသိုလ်မှ တော့ဒ်ဟဲလ် ဆိုသူက ပြောကြားခဲ့သည်။
Source: Daily Mail
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။