နယ်သာလန်ဓာတ်ပုံဆရာ Valerio Vincenzo သည် ဥရောပတိုက် နိုင်ငံအသီးသီး၏ နယ်ခြားစည်များကို ရိုက်ကူးမှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ထိုနိုင်ငံနယ်ခြားမျဉ်များ ၊ အမှတ်အသားများသည် အေးချမ်းသာယာမှုသဘောကို ပြသနေခြင်းပဲ ဖြစ်ပါသည်။ ဥရောတိုက်ရှိ အဆိုပါ နိုင်ငံများသည် ပထမ နှင့် ဒုတိယ ကမ္ဘာစစ်ပွဲများတွင် စစ်တလင်းဖြစ်ခဲ့ပြီး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြင်းအထန်တိုက်ခိုက် ခဲ့ကြပါသည်။ တကယ့်ရန်ဘက်နိုင်ငံများ ဖြစ်ခဲ့ကြပါသည်။ သို့သော် ဒုတိယကမ္ဘာစစ်ပွဲ ပြီးကတည်းက နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးနေကြပါပြီ။ ၁၉၈၅ Schengen သဘောတူညီချက် စတင်ပြီးကတည်းက နှစ်နိုင်ငံ နယ်ခြားကန့်ကပ်မှုများလျော့ချ ပပျောက်စေလာပုံ နှင့် အေးချမ်းသာယာပုံ အဆင့်ဆင့်ကို ဓာတ်ပုံဆရာမှ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မှတ်တမ်းတင်ဖို့အတွက် သူသည် ခရီးအကြိမ်ရေ များစွာထွက်ကာ ကြိုးစားခဲ့ရခြင်း ဖြစ်ပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။