Pages
Sunday, July 30, 2017
တောင်ကိုရီးယားနိုင်ငံ မှ ကောင်ကင်ဥယျာဉ်ကြီး
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်ရှိ မိုးပျံလမ်းမကြီး တစ်ခုကို ကောင်းကင်ဥယျာဉ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်များကတည်းက အသုံးပြုခဲ့ပြီး ယခုအခါ မသုံးတော့သည့် မိုးပျံလမ်းမတစ်ခုကို အများပြည်သူ အပန်းဖြေရန်နှင့် လူအများသွားလာနိုင်ရန် ထိုကဲ့သို့ ကောင်းကင်ဥယျာဉ်အဖြစ် အသွင်ပြောင်းပေးခဲ့ခြင်း ဖြစ်ပါသည်။ ပန်းပင် သစ်ပင်ပေါင်း ၂၄ ၀၀၀ စိုက်ပျိုးထားခဲ့ပြီး အနားယူရန် ထိုင်ခုံနေရာများ နှင့် အန္တရာယ်ကင်းရန် အစီအမံများ ထည့်သွင်း တည်ဆောက်ပေးခဲ့ပါသည်။ ညပိုင်းတွင်လည်း မီးရောင်များ ထွန်းညှိကာ လေပေါ်ပျံနေသည့် ကောင်းကင်ဥယျာဉ်ကြီးအလား ထင်မှတ်ရပါသည်။ ထိုကောင်းကင်ဥယျာဉ်လမ်းမကြီးကို Seoullo 7017 ဟု အမည်ပေးထားပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။