Pages

Wednesday, September 6, 2017

အရောင်စုံ တောက်ပနေသည့် သက်တန့်မြစ်

စီးဆင်းနေတဲ့မြစ်တို့ရဲ့ အရောင်ဟာ အစိမ်းရောင် ၊ အပြာရောင် ၊ မီးခိုးရောင် နဲ့ အဖြူရောင်တို့သာ ရှိတတ်ပေမယ့် ဒီသက်တန့်မြစ်ကတော့ အရောင်မျိုးစုံသလောက်ဖြင့် တစ်မူထူးလှပနေတာ တွေ့မြင်ရမှာပါ။ ကိုလံဘီယာနိုင်ငံတွင် တည်ရှိပြီး Guayabero မြစ်၏ မြစ်လက်တတ်တစ်ခု ဖြစ်ပါတယ်။

မြစ်ရဲ့ပုံစံကို ကြည့်ပြီး Photoshop ဖြင့် ပြုပြင်ထားတယ်ထင်ရပေမယ့် အပြင်မှာလည်း တကယ် အရောင်များရောယှက်စုပေါင်းနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမြစ်ကို သူရဲ့ထူးခြားမှုကြောင့် အရောင်ငါးရောင်မြစ် (သို့) သက်တန့်မြစ်ဟု ခေါ်ကြပေမယ့် မြစ်ရဲ့အမည်ကတော့ Caño Cristales ဖြစ်ပါတယ်။

အရောင်တွေ ရောယှက်နေပေမယ့် မြစ်ရဲ့ရေအရောင်ကတော့ ရိုးရိုးရေလို ကြည်လင်နေတာပါ။ ထိုကဲ့သို့ အရောင်များ ဖြစ်ပေါ်နေရတဲ့ အကြောင်းကတော့ ထိုမြစ်ရဲ့ ကြမ်းပြင်မှာရှိသည့် အရောင်စုံ ကျောက်ခက်ပင်မျိုးများကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဂျူလိုင်လ အဆုံးပိုင်းမှ နိုဝင်ဘာလအထိ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ အနက် နှင့် အနီရင့်ရောင်အထိ စုပေါင်း ဖြစ်တည်နေသည်ကို တွေ့ရလေ့ရှိပါတယ်။


မူလရေက ကြည်လင်သန့်ရှင်းပေမယ့် ထိုကဲ့သို့ ကျောက်ခက်ကဲ့သို့ အပင်များကြောင့် ရောင်စဉ်ဖြာ သက်တန့်မြစ်ကဲ့သို့တွေ့မြင်ကြရပြီး ကမ္ဘာ့အလှဆုံး မြစ်များတွင်လည်း တစ်ခုအပါအ၀င် ဖြစ်နေပါသည်။ ကမ္ဘာလှည့် ခရီးသွားများလည်း အများအပြားလာရောက်တတ်ကြပါတယ်။








သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။