Pages

Sunday, September 17, 2017

အာရှတွင်အရှည်ဆုံဖြစ်သော အမိုးအကာအပြည့်နှင့် တံတားကြီး


တံတားတစ်ခုလုံးကို အမိုးအကာအပြည့်ဖြင့်တည်ဆောက်ထားသော တံတားမျိုးများတွင် ယခုတံတားသည် အာရှတိုက်တွင် အရှည်ဆုံး ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ၊ Chongqing y ပြည်နယ် ၊ Qianjiang ခရိုင်ရှိ Apeng မြစ်ပေါ်တွင် တည်ဆောက်ထားသော တံတားကြီး ဖြစ်ပါသည်။ မူရင်းတံတားသည် ၁၅၉၁ ခုနှစ် Ming မင်းဆက်လက်ထက်တွင် တည်ဆောက်ထားသော ရှေးဟောင်းတံတားကြီး ဖြစ်ပါသည်။ အရှည်အားဖြင့် ၃၃၀ မီတာ ရှိပါသည်။ တည်ဆောက်ထားပုံမှာ သစ်သားများဖြင့် အမိုးအကာအပြည့် လှပသော ဗိသုကာလက်ရာများဖြင့် ဖြစ်ပါသည်။ တရုတ်ရိုးရာ ဘုံကျောင်းကဲ့သို့ လှပခန့်ညာဖွယ် တည်ဆောက်ထားသည့် ရှေးဟောင်းတံတားတစ်စင်း ဖြစ်ပါသည်။ သို့သော် ထိုလှပသော ရှေးဟောင်းတံတားကြီးသည် ၂၀၁၃ ခုနှစ်တွင် ပြာအတိကျသည်အထိ မီးလောင်ဆုံးရှုံးခဲ့ရပါသည်။ ယခုတဖန် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း၌ မူရင်းလက်ရာအတိုင်း ပြန်လည်တည်ဆောက်ကာ ဖွင့်လှစ်ထားခဲ့ပါသည်။




သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။