Pages

Friday, November 24, 2017

ကမ္ဘာ့ ထိပ်တန်း အဆင့် ပါဝါအရှိဆုံး နိုင်ငံကူးစာအုပ်


26,October 2017
စင်္ကာပူနိုင်ငံက နိုင်ငံကူးလက်မှတ် စာအုပ် ဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၉  နိုင်ငံကို ဗီဇာမလိုဘဲ သွားနိုင်တဲ့ ပါဝါ အရှိဆုံး passport အဖြစ်နိုင်ငံတကာသတင်းတွေမှာ  ဖေါ်ပြနေတာကိုတွေ့ ရပါတယ်။  စင်္ကာပူပြီးရင် ဒုတိယ ဂျာမနီ နဲ့  တောင်ကိုရီးယားက တတိယနေရာ လိုက်ပါတယ်.။

 နိုင်ငံတွေစီပြီး အဆင့်လိုက်ဖေါ်ပြထားရာမှာ မြန်မာနိုင်ငံကူး စာအုပ်က  ၁၇၈ အဆင့်မှာရှိပြီး နိုင်ငံ ၄၀ သာ ဗီဇာမလိုဘဲ သွားနိုင်သေးတာတွေရပါတယ်။  အာရှမှာ အခိုင်မာဆုံး နိုင်ငံကူးစာအုပ် ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါပေမယ့် ကမ္ဘာ့ နိုင်ငံ ၁၉ ၉  နိုင်ငံစာရင်းမှာဆိုရင် မြန်မာရဲ့ အောက်မှာ ၁၉  နိုင်ငံရှိနေပါသေးတယ် ။


 အောက်ဆုံးအဆင့် ရှိ နိုင်ငံတကာကိုအ၀င်မခံတဲ့ နိုင်ငံကူးစာအုပ်ဟာ အာဖကန်နစ်စတန် နိုင်ငံပါ။ အကြမ်းဖက်သမားတွေရှိနေတဲ့ နိုင်ငံတွေနဲ့   ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ နိုင်ငံတွေကိုလည်း နိုင်ငံအနည်းငယ်ကသာ ပြည်ဝင်ခွင့်ပေးတာတွေ့ ရပါတယ်။

wakaholic.com
SAW

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။