Pages

Wednesday, December 13, 2017

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ (၃)

ဒီတစ်ခါလည်း သူငယ်ချင်းတို့အတွက် နားလည်ရခက်တဲ့ တီထွင်ထုတ်လုပ် ရောင်းချသည့် ပစ္စည်းလေးများကို တင်ပြပေးထားပါတယ်။ တစ်ချို့ပစ္စည်းလေးများဟာ တကယ်ကို အသုံးဝင်နိုင်ပေမယ့် တစ်ချို့အရာများကတော့ လိုအပ်တာထက် နည်းနည်းပိုနေသလို ဖြစ်နေပါတယ်။ ဒီပစ္စည်းများရဲ့ အများစုကို ဂျပန်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပေမယ့် ရှာဖွေစုစည်းလို့ရသမျှ အခြားနိုင်ငံက ပုံကလေးများကိုပါ ပေါင်းထည့်ပေးလိုက်ပါတယ်။

အလုပ်များလို့ ထိုင်ရင်း အိပ်ငိုက်တတ်သူများအတွက် အစဉ်ပြေပါတယ်။  ဒါပေမယ့် ယောင်ပြီး လမ်းထလျောက်မယ်ဆိုရင်တော့ မလွယ်ပါဘူးဗျာ။

သားသားမီးမီးတို့အတွက် ပုံစံဆန်းတဲ့ မိုးကာထီးလေးပါ။

ကိုယ်ကလည်း သီချင်းဆိုချင်။ ပတ်ဝန်းကျင်က ခဲနဲ့ပေါက်မှာလည်း ပူနေရရင်တော့ ဒီ ကာရာအိုကေ အသံတိတ်မိုက် ကလေးက ကူညီပေးနိုင်ပါတယ်။ အကြောင်းမသိတဲ့သူတွေကတော့ တစ်ယောက်တည်း ရူးနေတယ် ထင်မှာပေါ့နော်။
 
360ံ အမှန် ပတ်ခြာလှည့် ရိုက်ချင်သူများအတွက်ပါ။ ခရီးသွားရင် ဒါလေးနဲ့ဆို လူကြည့်ခံရ ၊ စိတ်ဝင်းစားခံရမှာ အမှန်ပါပဲ။
 
နေစွမ်းအင်သုံး ပန်ကာလေးက အအေးရစေမှာ အမှန်ပါ။
 
ဒါလည်း နေစွမ်းအင် အစစ်သုံးထားတာပါ။ မီးခြစ်မသယ်ရတော့ဘူးပေါ့။
 
ဒါလည်း အစဉ်ပြေစေမယ့် ခေါင်းအုံး ခေါင်းစွပ်ပုံစံလေးပါ။
 
သွားတိုက်ဆေးဘူးကို နှစ်ဖက်လုံးက ညှစ်လို့ရတော့ ကောင်းတာပေါ့။
မိတ်ကပ်တွေ အလှပြင်ထားပြီး မိုးရေထဲသွားဖို့ လိုရင် ဒီခေါင်းစွပ်ထီးကလေးကို သတိရလိုက်ပါ။ တွေ့တဲ့သူက အာကာသယာဉ်မှူးလို့တောင် ထင်စေမှာပါ။

မိမိရဲ့ ဦးလေ ၊ ဘကြီးတွေ ထိပ်ပြောင်နေရင် အမြန်ဝယ်ပေးသင့်တဲ့ ဘီးပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။