Pages

Saturday, May 19, 2018

ဘောလုံးကွင်း အတွင်းမှ သစ်ပင်ကြီး


ဘောလုံးကွင်းဆိုသည်နှင့် လွတ်လွတ်လပ်လပ် အဆီးအတားမရှိ ကွင်းပြင်ကြီးကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမယ့် ယခုဘောလုံးကွင်းကတော့ ကွင်းအလယ်လောက်မှာ မားမားမတ်မတ် ရပ်တည်နေတာ တွေ့ရမှာပါ။

ယခုဘောလုံးကွင်းဟာ တရုတ်နိုင်ငံ Yucai စာသင်ကျောင်း၏ ကျောင်းအားကစားကွင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းက ဘောလုံးကွင်းတစ်ခု တည်ဆောက်ရာမှာ မလွတ်မလပ်ဖြစ်နေတဲ့ ထိုသစ်ပင်ကြီးကို ခုတ်ပစ်ဖို့ လုပ်ခဲ့ကြဖူးပါတယ်။

ဒါပေမယ့် ထိုသစ်ပင်ကြီးဟာ သက်တမ်းနှစ် ၁၀၀ ကျော်ရှိနေပြီး ဒေသခံတွေရဲ့အလေးအမြတ်ထားရာ အပင်ကြီးဖြစ်နေတဲ့အတွက် ကန့်ကွက်မှုများ ကြုံရသလို နောက်ဆုံးဒေသအာဏာပိုင်တွေကလည်း ခုတ်လှဲခွင့် မပြုခဲ့ပါဘူး။ ဘောလုံးကစားရာမှာ အရပ်နဲ့ မလွတ်တဲ့ အောက်ခြေကိုင်းများကိုသာ ရှင်းခွင့်ပြုခဲ့ပါတယ်။
ထို့ကြောင့်ပင် သစ်ပင်ကြီးမှာ ဘောလုံးကွင်း အလယ်မှာ ရောက်နေတဲ့ ထူးထူးခြားခြားဘောလုံးကွင်း တစ်ခုအဖြစ်တည်ရှိနေပါတယ်။ ဘောလုံးကစားသူများအနေဖြင့် သစ်ပင်ကြီးကြောင့် အနှောင့်အယှက် အနည်းငယ်ဖြစ်ကြရပေမယ့် အနားယူအရိပ်ခိုစရာ နေရာတစ်နေရာလည်း ဖြစ်နေပြန်ပါတယ်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။