Pages

Sunday, August 5, 2018

ဂျပန်ဘုရားကျောင်းတွင် နှစ်ပေါင်း ၇၀၀ ကျော်ပြသအပူဇော်ခံထားခဲ့သည့် ဗုဒ္ဓဆင်းတုတော်အတွင်း ရှေးဟောင်းအမွေအနှစ်များစွာကို တွေ့ရှိ


ဂျပန်နိုင်ငံက ရှေးဟောင်းဘုရား ကျောင်းတွေအများအပြားတည်ရှိရာ နာ ရာမြို့ရဲ့ ဟော့ကီဂျီဘုရားကျောင်းမှာ နှစ်ပေါင်း ၇၀၀ကျော်လောက် ပြသအပူ ဇော်ခံထားတဲ့ ဗုဒ္ဓဆင်းတုတော်ဟောင်း တစ်ဆူအတွင်းမှာ ရှေးဟောင်းအမွေအ နှစ် ၁၈၀ကျော်ခန့် သိမ်းဆည်းထားခဲ့တာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

နာရာအမျိုး သားတက္ကသိုလ်ရဲ့ ရှေးဟောင်းသုတေသီ အဖွဲ့က ဒီဗုဒ္ဓဆင်းတုတော်ကို စကင်ဖတ် စစ်ဆေးလေ့လာခဲ့ကြရာမှာ ရှေးဟောင်း စာလိပ်ပေါင်း ၁၅၀ ကျော်ခန့်နဲ့ အခြား ရှေးဟောင်းပစ္စည်းတွေ ဆင်းတုတော် တွင်းမှာ ဌာပနာထားတာကို တွေ့ရှိခဲ့ကြ တာဖြစ် ပါတယ်။ ဆင်းတုတော်တစ်ခု တည်းမှာ ခုလို ရှေးဟောင်းစာလိပ်ပေါင်း မြောက်မြားစွာပါရှိနေတာက ရှားပါးတဲ့ဖြစ် ရပ်ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က တောင် ဒီဆင်းတုတော်ထဲက စာလိပ်တွေ အကြောင်း စိုးစဉ်းမျှမသိရှိတာကြောင့် ဒီ စာလိပ်တွေက ထူးခြားပြီး အဖိုးတန်မယ့် စာလိပ်တွေဖြစ်နိုင်တယ်လို့ နာရာအမျိုး သားပြတိုက်ရဲ့အထူး သုတေသီ ရှီဂီကီအီ ဝါတာက ပြောကြားခဲ့ပါတယ်။
ဟော့ကီဂျီ ဘုရားကျောင်းကို အေဒီ ၈ရာစုနှစ်က တည်းက တည်ထားခဲ့တာဖြစ်ပြီး ဒီ ကျောင်းဝင်းထဲမှာတင် ဘာသာရေးဆိုင်ရာ ရှားပါးတဲ့ ရှေးဟောင်းအမွေအနှစ် တွေ အများကြီးတည်ရှိနေခဲ့တာဖြစ်ပါတယ်။ စာလိပ်တွေပါနေတဲ့ ဗုဒ္ဓဆင်းတုတော်က Monju Bosatsu ဆင်းတုဖြစ်ပြီး ဥာဏ် တော်အမြင့် လက်မ ၃၀ရှိတဲ့ ဆင်းတုတော် ဖြစ်တယ်လို့သိရပါတယ်။
 သံသာ(Pyi Myanmar)
Credit:Pyi Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။