Pages

Thursday, December 20, 2018

အိမ်စာသင်္ချာ မတွက်တတ်လို့ ရဲကိုဖုန်းဆက် အကူအညီတောင်းတဲ့ ၁၀ နှစ်သား


အိမ်စာသင်္ချာ မတွက်တတ်တာနဲ့ ရဲကိုဖုန်းဆက်ခေါ်တဲ့ကလေးကြောင့် ကော်လိုရာဒိုက ကိုလှရွှေတို့ အလုပ်များသွားခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ် ဖော့ကိုလင်းစ်ရဲဌာနကို ဖုန်းဝင်လာခဲ့တာပါ။

“ဟယ်လိုအရေးပေါ်ဖြစ်နေပါတယ်ခင်ဗျာ”လို့ ကောင်လေးက ပြောလိုက်ပြီး “သားက သင်္ချာတွက်နေတာပါ။ ၃၀၅၂ ကို ၇၁ နဲ့ မစားတတ်ဘူးဖြစ်နေပါတယ်”လို့ ရဲကို သတင်းပေးခဲ့ပါသတဲ့။

ရဲဘက်က ဖုန်းဖြေသူ ခရစ်စ်ကလိုးက “သားကိုကူညီဖို့ ကြိုးစားကြည့်ပါ့မယ်။ ခုတော့ ဘယ်လိုလုပ်ရမလဲ ဦးလဲမသိဘူးကွယ်။ ခဏစောင့်နော်”လို့ ပြန်ဖြေခဲ့ပါတယ်။ “ဂဏန်းပေါင်းစက်နဲ့ တွက်လိုက်ဦးမယ်နော်။ သားရေ အဖြေက ၄၂ ဒသမ ၉၈”လို့ ပြန်ဖြေပါတယ်။ ပြီးတဲ့နောက်မှာ ရဲကိုဖုန်းဆက်တဲ့ ကျောင်းသားလေးက ယဉ်ကျေးစွာနဲ့ ကျေးဇူးတင်စကား ပြောသွားခဲ့ပါသတဲ့။
Credit:the Voicemyanmar journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။