Pages

Thursday, December 20, 2018

တူရကီတွင် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသည့် တံတားကြီး ရက်ပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့


တူရကီနိုင်ငံအရှေ့မြောက်ပိုင်း Gu mushane ပြည်နယ် တွင် ၁၆.၄ ပေရှည် သည့်သက်တမ်းရင့်တံတားကြီးတစ်ခုသည် တစ်ပတ်အတွင်း အစအနရှာမရ အောင်ပျောက်ဆုံးသွားခဲ့သည့် အတွက် ဒေသခံများကြားတွင် မေးခွန်းများထွက်ပေါ်လျက်ရှိ သည်ဟု သိရသည်။Balahor စမ်းချောင်းလေးပေါ်တွင် ကုန်း ပြင်မြင့်နှင့် Arslanca ရွာကိုဆက်သွယ်ထားသည့်နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသောတံတားမှာ တစ်စချင်းဖဲ့ထုတ်ခိုးယူခံခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ အဆိုပါတံ တားသည် ကုန်းပြင်မြင့်သို့သွားရောက်ရန် ရွာသားများအတွက် အဓိကအသုံးပြုနေရသည့်တံတားဖြစ်သည်။ အဆိုပါတံတား သည် အောက်တိုဘာလ ၈ ရက်တွင် အကောင်းအတိုင်းရှိနေခဲ့ပြီး ၉ ရက်နှင့် ၁၀ ရက်များတွင် မိုးရွာသွန်းခဲ့သော်လည်း တံတားကို ဖျက်ဆီးနိုင်လောက်သည့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ တံတား တစ်ခုလုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သမိုင်းဝင်ရှေးဟောင်း ပစ္စည်းများကိုလိုက်လံ စုဆောင်းနေသူတစ်ဦးက တံတားကို ခိုးယူ သွားခဲ့သည်ဟုယူဆရပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သိရသည်။
(AP,12.10.18) အေးယုနိုင်
Credit:Pyimyanmar Journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။