Pages

Monday, January 14, 2019

ကမ္ဘာ့ ခြေတံအရှည်ဆုံး အမျိုးသမီး


        ကမ္ဘာ့ ပေါ်တွင် ခြေတံအရှည်ဆုံးအဖြစ် Ekaterina Lisina ကို သတ်မှတ်ခဲ့ပါသည်။ သူမသည် ၂၀၁၈ ခုနှစ်၊ အသက် ၂၉ နှစ်အရွယ်တွင် ထိုကဲ့သို့စံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ အရပ်အမြင့်ဆုံး ပရော်ဖက်ရှင်နယ် မော်ဒယ်အမျိုးသမီးတစ်ဦးအဖြစ်လည်း သတ်မှတ်ထားကြပါသည်။
       သူမ၏ အရပ်အမြင့်သည် 205.16 cm (6 ပေ 8.77 လက်မ) ရှိပြီး ဘယ်ဘက်ခြေတံအရှည်သည် 132.8 cm ရှိပြီး ညာဘက်ခြေတံအရှည်သည် 132.2 cm (52.0 လက်မ) အထိ ရှိပါသည်။
       သူမဟာ Russia ဇာတိဖြစ်ပြီး Slovakia နှင့် Hungary တွင်ကြီးပြင်းခဲ့ပါသည်။ သူမသည် ယခင်က basketball ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲ၌ ရုရှနိုင်ငံကိုယ်စားပြုကာ ကြေးတံဆိပ်ဆု ရရှိခဲ့ပါသည်။ ယခုအခါ သူမသည် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ကာ ရုပ်ရှင်ဇာတ်ကားများရိုက်ရန်လည်း စီစဉ်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။