Pages

Monday, January 14, 2019

Shopping Mall ပေါ်မှ အားကစားကွင်းကြီး

တရုတ်နိုင်ငံရှိ Shopping Mall တစ်ခုရဲ့ ခေါင်မိုးပေါ်တွင် အားကစားကွင်းကြီးတစ်ခုကို တည်ဆောက်ထားပါတယ်။ အကျယ်အဝန်းအားဖြင့် ၁၇၀၀၀ စတုရန်းမီတာထိရှိပြီး စိမ်လန်းစိုပြေသော လေဟာပြင် ကစားကွင်းပုံစံ တည်ဆောက်ပေးထားပါတယ်။
ထိုအားကစားကွင်းကြီးတွင် စားပွဲတင် တင်းနစ်ကွင်း ၄ခု၊ ဘတ်စကက်ဘောကွင်း ၁ခု ကြက်တောင်ရိုက်ကွင်းများနဲ့ ရှည်လျားလှတဲ့ အပြေးပြိုင်လမ်း ၁ခုလည်း ပါဝင်နေပါတယ်။ ထို့ပြင် အပန်းဖြေ အနားယူရန်အတွက် နေရာတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဈေးဝယ်ရင်း အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်သလို စိတ်လက်အပန်းပြေစေရန်လည်း အနားယူနိုင်စေပါတယ်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။