ရွှေဒင်္ဂါးပြား ဘယ်လောက်ကြီးကြီး မြင်ဖူးကြပါသလဲ။ တစ်တန်အထိလေးတဲ့ ရွှေဒင်္ဂါးပြားကြီးကတော့ New York Stock Exchange (NYSE) ရှေ့မှာ ပြသပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒီဒင်္ဂါးပြားကြီးဟာ ရွှေပါဝင်မှု ၉၉.၉ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ ရွှေစင်ပြားကြီးပါ။
၈၀ စင်တီမီတာ အကျယ်ရှိပြီး ၁၃ စင်တီမီတာ အထူ ရှိပါတယ်။
ထိုရွှေဒင်္ဂါးပြားကြီးရဲ့ တန်ဖိုးကတော့ သြစတြေးလျဒေါ်လာ သန်း ၅၀ ( အမေရိကန်ဒေါ်လာ ၃၅ သန်း) တန်ကြေးရှိပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်က ငွေကြေးတန်ဖိုးနဲ့ တွက်ထားတာပါ။ အခုဆိုရင် သြစတြေးလျဒေါ်လာ သန်း ၆၀ လောက်တန်နေပါပြီ။
ကဲ... ဒီ ဒင်္ဂါးပြားတစ်ပြားရယုံနဲ့ လုံလောက်နေပါပြီနော်.....
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။