တက်စမေးနီးယားရှိ မက်ကွာရီဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ဆွဲလာသည့် နောက်မှနေ၍ လူပေါင်း၁၄၅ဦး ရေလွှာလျှောစီးလျက် လိုက်ပါလာကာ ယင်းသို့ပြုလုပ်သည့် လူအများဆုံးအဖြစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ မူလက ၁၅၄ဦး လိုက်ပါလာသော်လည်း ကံမကောင်းအကြောင်း မလှစွာပင် ကိုးဦးမှာ ခရီးဆုံးအထိ လိုက်ပါလာနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ သူတို့သည် မြင်းကောင်ရေ ၃ဝဝဝအားရှိ အင်ဂျင်တပ်ဆင် ထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးစာရင်းဝင် အီးဂဲလ်အမည်ရှိ သင်္ဘောနောက်မှ နေ၍ ရေမိုင်တစ်မိုင် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့စံချိန်တင်ရာ နေရာသို့ ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်ကာ တရားဝင် အသိအမှတ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
Pages
▼
Thursday, October 11, 2012
သင်္ဘောတစ်စင်း နောက်မှနေ၍ လူအများဆုံး ရေလွှာလျှောစီးကာ ကမ္ဘာ့စံချိန်တင်
တက်စမေးနီးယားရှိ မက်ကွာရီဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ဆွဲလာသည့် နောက်မှနေ၍ လူပေါင်း၁၄၅ဦး ရေလွှာလျှောစီးလျက် လိုက်ပါလာကာ ယင်းသို့ပြုလုပ်သည့် လူအများဆုံးအဖြစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ မူလက ၁၅၄ဦး လိုက်ပါလာသော်လည်း ကံမကောင်းအကြောင်း မလှစွာပင် ကိုးဦးမှာ ခရီးဆုံးအထိ လိုက်ပါလာနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ သူတို့သည် မြင်းကောင်ရေ ၃ဝဝဝအားရှိ အင်ဂျင်တပ်ဆင် ထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးစာရင်းဝင် အီးဂဲလ်အမည်ရှိ သင်္ဘောနောက်မှ နေ၍ ရေမိုင်တစ်မိုင် လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့စံချိန်တင်ရာ နေရာသို့ ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်ကာ တရားဝင် အသိအမှတ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။