Pages

Tuesday, April 9, 2013

ကမ္ဘာ့အသေးဆုံး ဖုန်းအားသွင်းစက်ကို အမေရိကန်နိုင်ငံက တီထွင်


အလျားတစ်လက်မ ကျော်ခန့်သာရှိသော ဖုန်းအားသွင်းစက်တစ်ခုကို မက်ဆာချူးဆက်ပြည်နယ်ရှိ Devotecစက်ရုံမှ တီထွင်လိုက်ကြောင်း သိရသည်။ ယင်းဖုန်းအားသွင်းစက်သည် သော့ချိတ်တစ်ခု အရွယ်အစားခန့်သာရှိပြီး တစ်ခါအားသွင်းလျှင် စကားပြောချိန် မိနစ်၂၀မှ ၃၀အထိ ဘက်ထရီအားကို ဖြည့်ပေးနိုင်ကြောင်း သိရသည်။
လက်ကိုင်ဖုန်းကို အ၀င်ဖုန်းခေါ်ဆိုမှု အတွက်သာ သုံးစွဲပါက တစ်နာရီနှစ်နာရီခန့် အထိသုံးစွဲနိုင်သော ဘက်ထရီစွမ်းအားကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။ အလျား ၁ဒသမ ၃လက်မသာရှိသော     ယင်းအားသွင်း စက်ကလေးကို လက်ကိုင်ဖုန်း၏ သော့ချိတ်အဖြစ် အသုံးပြုပြီး အရေးပေါ်အားသွင်းနိုင်ရန် အသုံးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ ဖုန်းအားသွင်းစက်ကို င်္Fuel Micro Charger အမည်ပေးထားကြောင်း သိရသည်။
ref:ပြည်မြန်မာ
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။