Pages

Sunday, June 9, 2013

အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် ဖွတ်ကဲ့သို့ သတ္တ၀ါ တစ်ကောင် တွေ့ရှိဟုဆို


အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်မှ ကမ္ဘာမြေပြင်သို့ ပြီးခဲ့သည့် မတ်လခန့်တွင် ပေးပို့ခဲ့သည့် အင်္ဂါဂြိုဟ်မျက်နှာပြင် မှတ်တမ်းဓာတ်ပုံများ အတွင်းမှ ဖွတ်ကဲ့သို့ သတ္တ၀ါ တစ်ကောင်၏ ပုံတစ်ပုံကို တွေ့ရှိခဲ့ရကြောင်း နာဆာသတင်း တစ်ရပ်ကို ကိုးကား၍ မေလ ၂၉ ရက် ဗြိတိန်သတင်းဌာန တစ်ခုတွင် ရေးသား ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံကို ဂျပန်သိပ္ပံပညာရှင် တစ်ဦးက စတင် သတိပြုမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရေသဘာဝ အရင်းအမြစ် အနည်းငယ် တည်ရှိသော အင်္ဂါဂြိုဟ်ပေါ်တွင် အပူပိုင်းဒေသ သတ္တ၀ါ အမျိုးအစားအခိျု့ အသက်ရှင် နေထိုင်နိုင်ဖွယ် ရှိကြောင်း UFO ၀က်ဘ်ဆိုက်မှ တာဝန်ခံ စကော့စီဝါးနေးလ်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။