Pages

Tuesday, October 18, 2016

ခြေချောင်းတွေကိုသာ အသုံးပြုပြီး စာလုံးရေ ၆ သောင်းကျော်ပါတဲ့ ၀ထ္ထု တစ်အုပ်ကို ရေးသားခဲ့တဲ့ ကောင်မလေး

http://i1183.photobucket.com/albums/x474/konay1/general/pay-hu-huiyuan.jpg
ဘယ်ဘက်ခြေထောက် တစ်ဖက်တည်းသာ လှုပ်ရှားနိုင်တဲ့ ဒုက္ခိတအမျိုးသမီးငယ် တစ်ဦးဟာသူ့ရဲ့
ခြေချောင်းတွေကိုသာ အသုံးပြုပြီး စာလုံးရေ ၆ သောင်းကျော်ပါတဲ့ ၀ထ္ထု တစ်အုပ်ကို ရေးသားခဲ့ပါတယ်။
ပကတိကောင်းမွန်တဲ့ ကလေးတွေတောင် ပညာတတ်မြောက်ခွင့်ရဖို့ အလွန်ခက်ခဲတဲ့ တရုတ်ပြည် အရှေ့ပိုင်းက Anhui စီရင်စုမှာ မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ် အရွယ် Hu Huiyuanဟာ ကြီးပြင်းလာခဲ့ပါတယ်။
Hu ဟာ ထိုပညာမတတ်တဲ့ ကလေးတွေကြားမှာ တီဗွီမှာ လာတဲ့ စာတန်းထိုးတွေကို ဖတ်ရှုပြီး ပညာ တတ်မြောက်အောင် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ Hu ဟာမွေးစကတည်းက ရက်အနည်းငယ်သာ အ သက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက ပြောခဲ့ပေမယ့် သူမဟာ ဆက်လက် အသက်ရှင်နိုင်ခဲ့ပါတယ်။
၁၀ လ ခန့်အကြာမှာတော့ သူမဟာ မသန်စွမ်းဘ၀ကို ရောက်ခဲ့ရပါတယ်။ သူမဟာ သူမရဲ့ခေါင်းနဲ့ ခြေ
ထောက်တစ်ဖက်ကိုသာ လှုပ်နိုင်သူ မသန်စွမ်းတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်တဲ့ အသက် ၄၉ နှစ် အရွယ် Pengနဲ့ မိခင်ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Sun တို့က သူတို့ရဲ့ သမီးရဲ့ အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြခဲ့ကြပါတယ်။
Credit:Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။