Pages

Friday, October 20, 2017

ရာစုနှစ်အတွင်း အကြီးဆုံး စိန်ရိုင်းတုံးကြီး

တင်းနစ်ဘောလုံး အရွယ်အစားခန့်ရှိကာ မဖြတ်တောက်မသွေးရသေးသော စိန်တုံးကြီးကို ဘောစဝါနာနိုင်ငံ (Botswana)၊ ကာရိုဝီ မိုင်းတွင်း(Karowe) မှ ၂၀၁၅ ခု ၊ နိုဝင်ဘာလထဲတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုစိန်တုံးကြီးသည် ၁၁၀၉ ကာရက် အလေးချိန်ရှိပြီး ယခုရာစုနှစ်အတွင်း တွေ့ရှိသမျှတွင် အကြီးဆုံး စိန်တုံးကြီး ဖြစ်ပါသည်။ စိန်တုံးကို Lesedi La Rona (သို့)  Our Light လို့ အမည်ပေးထားပါသည်။ စိန်တုံးကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၂.၅ ဘီလီယံ မှ ၃ ဘီလီယံရှိပြီ ဖြစ်ပါသည်။ သမိုင်းတစ်လျောက်တွင် ၁၉၀၅ ခုနှစ်တုန်းက တောင်ဖရိကမှ တူးဖော်ရရှိခဲ့သော ၃၁၀၆ ကာရက်ရှိ ကူလင်နန်(Cullinan) စိန်တုံးကြီးပြီးလျှင် ဒုတိယအကြီးဆုံး စိန်တုံးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ထိုစိန်တုံးကြီးကို ကနေဒါနိုင်ငံ Lucara Diamond Corp ကုမ္ပဏီမှ ရှာဖွေတွေ့ရှိ ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ ဗြိတိန်နိုင်ငံ Graff Diamonds ကုမ္ပဏီမှ ဒေါ်လာ  ၅၃ သန်း ဖြင့်ဝယ်ယူသွားခဲ့ပါသည်။ Graff Diamonds ကုမ္ပဏီမှ လိုအပ်သလို ဖြတ်တောက်သွေးခြင်း လုပ်ငန်းများ ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။