ဇူလိုင်လ ၅ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း
ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက် အပေါက်ကြီး
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စင်ကျန်းမြစ်အနီးရှိ စင်ကျန်းကားလမ်းမကြီးပေါ်၌
ယခုကဲ့သို့အပေါက်ကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါက်ကြီး အတွင်းသို့
ကားတစ်စီးပြုတ်ကျသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါအပေါက်ကြီးသည်
ပိုလီအင်တာနေရှင်နယ် ပလာဇာအနီး၌ ဖြစ်ပေါ်ခဲ့ပြီး ဧရိယာအားဖြင့်
၃၀စတုရန်းမီတာ ရှိကြောင်းသိရသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။