Pages

Thursday, July 19, 2012

လေထီးခုန်ချသူတစ်ဦး လေထီးမပွင့်ဘဲ မီတာ၁၂၀အမြင့်မှ ပြုတ်ကျသော်လည်း အသက်မသေ




အဆောက်အအုံမြင့်များပေါ်မှ လေထီးခုန်ချသူတစ်ဦးသည် မီတာ၁၂၀ မြင့်သော အဆောက်အအုံပေါ်မှ လေထီးခုန်ချရာ လေထီးမပွင့်ဘဲ ပြုတ်ကျခဲ့သော်လည်း အသက်မသေကြောင်း DMသတင်းဌာနက ဇူလိုင်လ၄ရက်နေ့တွင် ဖော်ပြသည်။ ရုရှားနိုင်ငံ ကိုနာကိုဗာမြို့တွင် ယင်းကဲ့သို့ လေထီးခုန်ချခဲ့ခြင်းဖြစ်ပြီး အဆိုပါလူငယ် လေထီးခုန်သမားသည် မြေပြင်ရှိ နှင်းများက ကူရှင်ကဲ့သို့ ဖြစ်နေသောကြောင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူသည် ကျောရိုး၊ တင်ပဆုံရိုးနှင့် ခြေထောက်ရိုးများ ကျိုးခဲ့သော်လည်း ယခုကဲ့သို့ သုံးလကြာပြီးနောက် လမ်းပင်ပြန်လျှောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။