
အင်ဒိုနီးရှားနိုင်ငံ လီဘက်ဒေသတွင် ကျောင်းတက်ရသော ကလေးငယ်များ သည်လည်းကောင်း၊ အလုပ်သွားကြရသော လူကြီးများသည် လည်းကောင်း၊ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် နာမည်ကျော် အင်ဒီယာနာဂျုန်း ရုပ်ရှင်ကားထဲတွင် ပါဝင်ခဲ့ဖူးသော စတန့်ပြကွက်မျိုး ကဲ့သို့ မြစ်ကို အသည်းယားဖွယ် ပုံစံမျိုးဖြင့် နေ့စဉ်ဖြတ်ကူးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သစ်သားနှင့် ဝါယာကြိုးများ တွဲလောင်းဆွဲထားသော တံတားဟောင်း တစ်ခုမှနေ၍ ငါးနှစ်အထိ ငယ်သော ကလေးများသည် ပင်လျှင် စီဘာရန်းမြစ်ကို နေ့စဉ်တွဲလောင်းခိုကာ ဖြတ်ကူးနေရကြောင်း သိရသည်။
