Showing posts with label ထူးဆန်းမြန်မာ. Show all posts
Showing posts with label ထူးဆန်းမြန်မာ. Show all posts

Sunday, November 1, 2020


သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
*******************************
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရား စစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တစ်ချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ဝါတွင်း သုံးလ ပတ်လုံး မရပ် 
မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တစ်ထိုင် တည်း တနေရာ
တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စံပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ 

Monday, February 24, 2020

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၃၀ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ဘာနဲ့ စားနေကြပါလိမ့်.... ချစ်လွန်းလို့ ခြေထောက်နဲ့ပဲ ခွန့်ကျွေးနေသလား????

မမြင်အောင် ပုန်းကာဝှက်ကာကွယ်...

Wednesday, January 29, 2020

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ Google ပေါ်တွင် ရှာဖွေမှုအများဆုံး အကြောင်းအရာများ



Google ရဲ့ search engine ပေါ်မှာ ကမ္ဘာအရပ်ရပ်မှ လူများအနေနဲ့ သိချင်တဲ့အကြောင်းအရာများကို အချိန်တိုင်းရှာဖွေနေကြပါတယ်။ မိမိသိချင်တဲ့ အကြောင်းအရာကို စက္ကန့်ပိုင်းအတွင်း သိနိုင်လို့ လူသုံးအများဆုံး website တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ ၂၀၁၉ ခုနှစ်အတွင်း ရှာဖွေမှုအများဆုံး အကြောင်းအရာများကို ထုတ်ပြန်ပေးတဲ့နေရာမှာ မြန်မာနိုင်ငံမှ ရှာဖွေမှုအများဆုံး အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။

တရားဝင် အမည်သတ်မှတ်ခဲ့ကြတဲ့ ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်


မြန်မာတို့၏အသဲနှလုံးအဖြစ် တင်စားကြတဲ့ ဧရာဝတီနှင့် ပုဂံတို့သည် စကြာဝဠာရှိ ကြယ်နှင့်ဂြိုလ်၏ ကိုယ်ပိုင်အမည်အဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။
နိုင်ငံတကာနက္ခတ်တာရာအဖွဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အစီအစဉ် တစ်ခုအနေဖြင့် ”NameExoWorlds project” အရ ကမ္ဘာ့နိုင်ငံများမှ နေစကြာဝဠာပြင်ပရှိ နာမည်မပေးရသေးသော ကြယ်နှင့်ဂြိုလ်များကို မိမိတို့သတ်ဆိုင်ရာအမည်များကို ပေးရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

Sunday, January 5, 2020

နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်


ကျယ်ပြန့်တဲ့ ပုံကို ရရှိဖို့ အတွက် တိုတောင်းတဲ့ မှန်ဘီလူးများကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ မိုင် ၁၀၀ ခန့် ရှည်လျားတဲ့ ဧရာဝတီမြစ်ရဲ့ ပုံကို နာဆာက အာကာသယာဉ်မှူးတဦးက ရိုက်ယူနိုင်ခဲ့ပါတယ်။ ယခင်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်ဟာ ဧရာဝတီမြစ်ပေါ်မှာ အများကြီး မှီခိုနေတာကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။
ဒီပုံထဲက လင်းလွန်းတဲ့ နေရာဟာ ကပ္ပလီပင်လယ်ပြင်ကနေ တိုက်ရိုက်အလင်းပြန်နေတဲ့ နေရောင်ခြည်ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေတလျှောက်ကို ပီပြင်တဲ့ ပုံတွေ မြင်ရဖို့ အတွက် Glint Point ဆိုတဲ့ နည်းပညာကို အသုံးပြုပြီး ရိုက်ကူးခဲ့တယ်လို့ အာကာသယာဉ်မှူးတွေက ဆိုပါတယ်။

Saturday, October 12, 2019

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၉ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ကူညီကြပါအုံးခင်ဗျ...

တီးရင်တီး ။ မတီးရင် အော်တော့...

Friday, September 13, 2019

သာယာအေးချမ်းလှသည့် မော်တင်စွန်းခရီးစဉ် (သို့) ပင်လယ်ကမ်းခြေမှ ရတနာတစ်ပါး

     ငယ်စဉ်ကတည်းကပင် အဆိုတော်သန်းထွန်းလေးသီချင်းကြောင့် မော်တင်စွန်းစေတီကို ကြားသိရင်းနှီးဖူးကြမှာပါ။ အများအားဖြင့် ဧရာဝတီတိုင်းမှာ ရှိတယ်၊ ဆံတော်ရှင် စေတီတစ်ဆူဖြစ်တယ် ဆိုတာလောက်ပဲ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် မော်တင်စွန်းစေတီနှင့် တည်ရှိရာ နေရာဒေသဟာ မြန်မာ့ပထ၀ီဆိုင်ရာ အရေးပါနေရုံသာမက ဘာသာသာသနာရဲ့ မှတ်တိုင်အဖြစ်ပါ အထင်အရှား တည်ရှိနေပါတယ်။
     ယခုစာစုမှာ မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်၊ သမိုင်းအကျဉ်းချုပ် နှင့်အတူ ခရီးစဉ်များဖြစ်တဲ့ ငွေတောင်ကမ်းခြေနဲ့ ဟိုင်းကြီးကျွန်းခရီးစဉ်များကိုပါ အနည်းငယ်စီ တင်ပြပေးချင်ပါတယ်။ မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အပိုင်ထဲတွင် ရှိကာ ပုသိမ်မြို့မှ ၉၆ မိုင် ၊  ရန်ကုန်မြို့မှဆိုရင် ၂၅၈ မိုင်ကွာဝေးပါတယ်။

     မော်တင်စွန်းစေတီတည်ရှိရာ ကုန်းတော်အရပ်သည် မြေပုံပေါ်မှာ ကြည့်ပါက ပင်လယ်ထဲသို့ အစွန်ဆုံးထိုးထွက်နေတဲ့ အငူဖြစ်ပါတယ်။တနည်းအားဖြင့် မြန်မာနိုင်ငံကုန်းမကြီးရဲ့ အနောက်တောင်ဘက်စွန်းမှာ တည်ရှိနေတာပါ။ ပထ၀ီဆိုင်ရာ အချက်များအရ ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာနေရာလေး ဖြစ်ပြီး ပင်လယ်နှစ်ခုကို တစ်ပြိုင်တည်း တွေ့မြင်နိုင်ပါတယ်။
     ထို့ပြင် ရခိုင်ကမ်းရိုးတန်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ ပေါင်းဆုံသည့် နေရာတွင် ရှိတဲ့ အငူစွန်းလေးဖြစ်ပါတယ်။ အနောက်ရိုးမတောင်တန်းများနဲ့ လှိုင်းတဖွေးဖွေး ပင်လယ်ပြင်ကြီးကို တစ်နေရာတည်း ရှု့မြင်နိုင်တဲ့ နေရာပါ။

Photo:Internet
     မော်တင်စွန်းစေတီတော်ရဲ့ သမိုင်းအကျဉ်းမှာ မြတ်စွာဘုရားသခင် ဘုရားအဖြစ်ကိုရ၍ လင်းလွန်းပင်ရင်း၌ စံပါယ်တော်မူစဉ် တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏဂုံတည်စေ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလဆန်း ၅ - ရက်နေ့တွင် ဆံတော်မြတ်ရရှစ်ဆူကို ပေးသနားတော်မူခဲ့ပါသည်။ ညီနောင်တို့ ဆံတော်ပင့်လာသည့်
အပြန်ခရီးတွင် အဇ္ဈတ္တနာဂရမြို့သို့ ဆိုက်ရောက်ရာ ဘုရင်က ဆံတော်နှစ်ဆူကို ပင့်ယူထားလိုက်သည်။ ထိုမှခရီးဆက်ခဲ့ရာ ကုသိမ နဂရ (ပုသိမ်) တောင်ပိုင်း နာဂရာဇ်မှော်ခေါ် သရနတောင်စွန်း (ဝါ) မော်တင်စွန်းအရောက်တွင် ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကိုရယူ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှရရှိသည့် မြသားဖြင့် စိုင်တမော့အရွယ် စေတီကို တည်ထားကိုးကွယ်ခဲ့ပါသည်။

Saturday, March 30, 2019

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၈ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

နေပူထဲ အထွက်များသွားတဲ့ မင်းကျန်စစ်...

အူဝဲလောက်တော့ သနားတယ်...

Friday, March 29, 2019

ကယားပြည်နယ်မှ စိတ်ဝင်စားဖွယ် အောင်သပြေဂူ

ကယားတို့ဌာနေ ငွေတောင်ပြည်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုပါ။ ပွင့်လင်းလာသော အခြေအနေနဲ့အတူ ခရီးသွားများရဲ့ အထူးတလည် လည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်အနေနဲ့ သဘာဝအလှများနဲ့အတူ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုအဖြစ် လွိုင်ကော်မြို့အနီးမှ အောင်သပြေလှိုဏ်ဂူအကြောင်း တင်ပြပေးပါမယ်။

အောင်သပြေလှိုဏ်ဂူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွားကားလမ်းမှ ဘေးမှာ တည်ရှိနေပါတယ်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်မှာပါ။ လွိုင်ကော်မြို့မှ ၈ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး ကားနဲ့ဆိုရင် မိနစ် ၃၀ ခန့်မောင်းရပါမယ်။ လမ်းကောင်းပါတယ်။ ဆီဆိုင်လမ်းခွဲမှ ၀င်ပြီး မကြာခင်တွင် အောင်သပြေလှိုဏ်ဂူသို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။ ထိုဆိုင်းဘုတ်လမ်းခွဲသို့ မောင်းဝင်လိုက်သည်နဲ့ အောင်သပြေဂူတည်ရှိရာ တောင်ကမ်းပါးယံကြီးကို တွေ့မြင်ရမှပါ။

အောင်သပြေလှိုဏ်ဂူရှိရာ တောင်ပေါ်သို့ကြည့်လိုက်လျှင် တဖတ်၌ လက်ဝါးကပ်တိုင်ရှိနေပြီး အခြားတဖက်တွင် စေတီတစ်ဆူတည်ရှိနေတာကို တွေ့ရမှာပါ။ လှိုဏ်ဂူရှိရာ တောင်ရဲ့အရှေ့ဘက်ရွာများသည် ခရစ်ယာန်ကိုးကွယ်တဲ့ရွာနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရွာဆိုပြီး အသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ အောင်သပြေလှိုဏ်ဂူကတော့ စေတီရှိရာ တောင်တစ်ထက်ခြမ်းရဲ့ တောင်အောက်ခြေမှာ တည်ရှိနေတာပါ။ အဝေးမှကြည့်ရင် လှိုဏ်ဂူပေါက်ဝကို မမြင်ရသလောက်ပါပဲ။

Saturday, February 23, 2019

ဒိုင်နိုဆောခေတ်က နေထိုင်ကျက်စားခဲ့သည့် ရှေးဟောင်းခရုရုပ်ကြွင်းကို မြန်မာ့ပယင်းထဲတွင် တွေ့ရှိ


မြန်မာနိုင်ငံမြောက်ပိုင်းကနေ ထွက်ရှိခဲ့တဲ့ မြန်မာ့ပယင်းတစ်ခုထဲမှာ ဒိုင်နိုဆော ခေတ်က နေထိုင် ကျက်စားခဲ့တဲ့ ရှေးဟောင်းခရုတစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေပါဝင်တဲ့ နိုင်ငံတကာသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စာတမ်းတစ်ခုမှာ မြန်မာ့ ပယင်းတစ်ခုထဲ ဒိုင်နိုဆောခေတ်ကာလက ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ ရေးသားမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။

ဒိုင်နိုဆောတွေနဲ့ပြိုင်တူ တစ်ခေတ်တည်း ရှင်သန်နေထိုင်ခဲ့ကြတဲ့ သက်တမ်းအရင့်ဆုံး ရှေးဟောင်းခရုမျိုးရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးစကို သိမ်းဆည်းထားတဲ့ ရှားပါးပယင်းအဖြစ် ပထမဆုံး အကြိမ်တွေ့ရှိထားခဲ့တာလို့ သိရပါတယ်။ နှစ်ပေါင်း ၉၉သန်းခန့်က သစ်စေးထဲမှာ ပိတ်မိနေခဲ့ကာ သေဆုံးခဲ့တဲ့ ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းဖြစ်ပြီး သုညဒသမ၂လက်မခန့် အရွယ်အစားရှိ တယ်လို့သိရပါတယ်။ ဒိုင်နိုဆေ ခေတ်က ရှေးဟောင်းခရုရဲ့ပျော့ပျောင်းနူးညံ့တဲ့တစ်သျှူးစတွေ အများကြီးပါနေတဲ့ ဒီလိုပယင်းမျိုးကို ရှာတွေ့တာ ဒါပထမဆုံးအကြိမ်ပါပဲလို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စင်လီဒါက ဆိုပါတယ်။ ဒီပယင်းကို ပုဂ္ဂလိကရုပ်ကြွင်းစုဆောင်းသူ လွီယန်က ၂၀၁၆ခုနှစ်မှာ မြန်မာ့ပယင်း ဈေးကွက်ကနေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ စင်လီဒါက ဆိုပါတယ်။

Tuesday, January 29, 2019

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၇ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
သခင်မရဲ့နာရီ ဓာတ်ခဲအားကုန်နေတာ မသိကြဘူးလားဟဲ့...
 
ဟိုက်... မကျေနပ်လို့များလားးးး

Thursday, December 20, 2018

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကညင်ဖြူပင်ကြီး


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်ပေါ်တွင် တွေ့ရသော နှစ်ပေါင်း ၂၆၅နှစ်သက်တမ်းရှိ ကညင်ဖြူပင်ကြီးကို တွေ့ရစဉ်။
ဤအပင်ကြီးကို အလောင်းမင်းတရားလက်ထက်၊ ခရစ်နှစ် ၁၇၅၃ တွင် စိုက်ခဲ့ကြောင်း၊ အမြင့်ပေ ၂၁၈ ပေ၊ ရင်စို့လုံးပတ် ၃၆ ပေ ၈ လက်မ၊ အောက်ခြေလုံးပတ် ၃၉ ပေ ၁၀ လက်မရှိကြောင်း မှတ်တမ်းတင်ထားသည်။
Credit:MUNA

Thursday, November 8, 2018

သာယာလှသည့် တောမြိုင်အလယ်မှ နွားလပို့တောင် ဆံတော်ရှင်စေတီ

တောတောင်များအလယ်၌ တည်နေပုံ ထူးခြားလှတဲ့ နွားလပို့တောင် ဆံတော်ရှင်စေတီအကြောင်း တင်ပြပေးခြင်ပါတယ်။ မြင့်မားလှတဲ့ တောင်ပေါ်တွင် ကျောက်တုံးများ အထပ်ထပ်ဆင့်ပြီး တည်ရှိနေပုံက ဖူးမြင်ရသူအပေါင်း အံ့မခန်း ဖြစ်ကြရပါတယ်။ ထို့ပြင် နွားလပို့တောင်ပေါ်မှ ကြည့်လိုက်လျှင် သာယာအေးချမ်းလှတဲ့ သဘာဝတောတောင်ရေမြေအလှကလည်း သွားရောက်ဖူးသူတိုင်း အမြဲအမှတ်တရ ရှိနေစေပါတယ်။ နွားလပို့တောင်ပေါ်မှ ဆံတော်ရှင်စေတီသည် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သော ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်ထက် ( ၅ ) နှစ်စောပြီး ဗုဓ္ဒဆံတော်မြတ်အစစ်တဆူကို အလယ်ကျောက်တုံး၌ဋ္ဌာပနာကာ ကျောက်တုံးသုံးလုံးဆင့်၍ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘွဲ့တော်မှာ ဗိန္ခိသေလာ ( ကျောက်များဆက်စပ်နေသောဘုရား ) ဖြစ်ပါတယ်။

နွားလပို့တောင်သည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်အတွင်း သဘာဝတောတောင်များ အလယ်၌ တည်ရှိနေပြီး ရန်ကုန်ဘက်မှသွားလျှင် ပေါင်မြို့အလွန် မော်လမြိုင်မြို့သို့ အသွားကားလမ်းပေါ်ရှိ
ကျုံကကျေးရွာမှ သွားရပါမည်။ တောင်ပေါ်သို့ တက်ရန် ယဉ်ရပ်နားစခန်းနှင့် တောင်တက်ကားများလည်း ရှိပါတယ်။ ယဉ်ရပ်နားစခန်းမှ နွားလပို့တောင်အထိ ၄ မိုင်ခန့် ဝေးပါတယ်။

တောင်တက်ကားများနှင့် တက်သွားလျှင် လမ်းခရီး၌ တောတောင်စိမ်းစမ်းများကိုဖြတ်ကာ တစ်တောင်တက် တစ်တောင်ဆင်း သွားရပါတယ်။ တောင်တက်ကားလမ်း အကွေ့အကောက်အတက်အဆင်းများကြား သာယာလှပတဲ့ ရှု့ခင်းများကို လုကာခံစားရပါတယ်။ နွားလပို့တောင်ပေါ်ရှိ ယဉ်ရပ်နားစခန်းမှ ဆံတော်ရှင်စေတီတော်ရင်ပြင်တော်ဆီ တက်ရောက်ရပါတယ်။ ရင်ပြင်တော်သို့ ရောက်သည်နှင် တည်ပုံဆန်းကြယ်လှတဲ့ နွားလပို့တောင် စေတီတော်ရဲ့ ထက်ဝက်ခန့်ကို ဖူးမြင်ရမည် ဖြစ်ပါတယ်။

Tuesday, October 30, 2018

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (သို့) ပြည်ချစ်ဘုရားကြီး

ပြင်ဦးလွင် (မေမြို့)မြို့သည် အေးချမ်းလှပသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သလို လည်ပတ် ဖူးမျှော်စရာ နေရာဒေသ အများအပြားရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါတယ်။ တောင်လှေကား ၊ ပန်းမြို့တော် ၊ မေမြို့နှင့် ပြင်ဦးလွင် စသည်ဖြင့် အမည်များစွာဖြင့် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလှတဲ့ လှပတဲ့မြို့ကလေးပါ။ ထိုပြင်ဦးလွင်မြို့သို့ ရောက်ဖူးသူတိုင်း လာရောက်ဖူးမျှော်တတ်တဲ့ နေရာတစ်နေရာကတော့ ပြည်ချစ်ဘုရား (ခေါ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးပင် ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ပြင်ဦးလွင် မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ် ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိနေပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီး၏ ကျော်ကြားလူသိများရခြင်းမှာ ပြည်ချစ်ဘုရားဟူသော ဘွဲ့ထူးကြောင့်လည်း ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုသပ္ပါယ်ဖွယ် ထုဆစ်ပူဇော်ထားသည့် ကျောက်ဆင်းတု ရုပ်ပွားတော် ဖြစ်ပါသည်။

မုခ်ဦးတံတိုင်းသို့ ၀င်လိုက်သည်နှင့် ကုန်းမြင့်ပေါ်၌ တည်ထားသော မဟာအံ့ထူးကံသာဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်စေတီတော်ကို ကြည်ညိုဖွယ် ဖူးမျှော်ရပါမည်။ ဘုရားကြီးသည် ကျယ်ဝန်းသော ၀တ္တကမြေအတွင်း တည်ရှိနေပါသည်။

Saturday, September 29, 2018

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၆ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ဒီဓာတ်တိုင်က သူများအိမ်ထဲ ကျူးကျူးကျော်ကျော်နော်...

ဘေးမဲ့ပေးထားတာနေမှာ...

ကမ္ဘာတစ်လွှား ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။ အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊ Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့် ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက် ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။ သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...

၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။

၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။

Thursday, September 20, 2018

မြန်ပြည်တလွှား မြို့ထူးများ


ဆန့်ကျင်ဘက်မြို့များ
==============
၁။ ကျောက်ဖြူ  X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၎။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
============
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

Wednesday, September 12, 2018

စက္ကူနဲ့လုပ်ထားတဲ့မြန်မာနိုင်ငံကဆင်ရုပ် ဂင်းနစ်စံချိန်ဝင်


စက္ကူနဲ့လုပ်ထားတဲ့မြန်မာနိုင်ငံက ဆင်ရုပ်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ အဲ့ဒီစက္ကူ ဆင်ရုပ်က အလျား ၅.၇၈ မီတာ၊ အမြင့် ၅. ၅၉ မီတာ နဲ့ အနံ ၂. ၁၅ မီတာရှိပါတယ်။ မြန်မာနိုင်ငံက အနုပညာဖန်တီးသူ အာကာကျော်နဲ့ စက္ကူရုပ်ပညာရှင် ဦးမြင့်ဆွေတို့က ဖန်တီးခဲ့တာဖြစ်ပြီးတော့ စက္ကူနဲ့လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးဆင်ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ကိုယ်ထည်ကို ၀ါးတွေနဲ့ အခြေခံပြီးဖန်တီးထားပြီးတော့ အပေါ်ကကိုယ်ထည်ကို သတင်းစာဟောင်းတွေကို အသုံးပြုထားတာပါ။

"ဂင်းနစ်စံချိန်ဝင်ဖို့အတွက်ကိုတော့ ဖန်တီးပြီးသုံးလလောက်အကြာမှာ သူ့ရဲ့အတိုင်းအတာတွေကို ပုံတွေကောကို ပို့ထားတဲ့ဟာကို လက်ခံမခံအကြောင်းပြန်ပါတယ်။ အကြောင်းပြန်ပြီးတော့မှ professional surveyor တွေက လာကြည့်ပြီးတော့ မှ လက်ခံ၊ မခံကို နောက်၃ လကြာပြီးမှ ပြန်အကြောင်းပြန်တာပါ။ စုစုပေါင်း အချိန်ခြောက်လကြာပြီးတော့မှ ဂင်းနစ်စံချိန်ဝင်မ၀င်ကို အကြောင်းပြန်တာပါ။ သူတို့ဘက်ကနေပြီး official certificate ပို့ပေးပါလိမ့်မယ်။" လို့  အဲ့ဒီအရုပ်ကို ဖန်တီးရာမှာပါဝင်ခဲ့တဲ့ WWF Myanmar က Senior Communications officer ကိုရဲမင်းသွင်က ဓူဝံကို ပြောပါတယ်။

Saturday, August 11, 2018

မြန်မာနိုင်ငံအတွင်း ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာများ

ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံတကာခရီးသွား website များ၌ ကမ္ဘာလှည့်ခရီးသွားများအတွက် မြန်မာနိုင်ငံမှ အကျော်ကြားဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး နေရာဒေသများကို ဖော်ပြလာတာ များစွာတွေ့မြင်လာရပါသည်။ ဒါကလည်း ပွင့်လင်းလာသော နိုင်ငံရေးအပြောင်းအလဲများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံတကာမှ အထူးစိတ်ဝင်စားမှု ခံလာရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျားပြီး ယဉ်ကျေးမှုခိုင်မာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းဝင်ရှေးဟောင်း ဘုရားစေတီများ၊ ကျောင်းများ ၊ အဆောက်အဦများ ၊ ရှည်လျားလှပသည့် မြန်မာ့ပင်လယ်ပြင်တစ်လျောက် ထိတွေ့နေသည့် သာယာလှပတဲ့ ပင်လယ်ကမ်းခြေ အလှများ ၊ သဘာဝအတိုင်း ဖြစ်တည်နေသော စိမ့်စမ်းရေတံခွန်များ ၊ တောတောင်သဘာဝအလှများ ၊ သဘာဝလှိုဏ်ဂူများ ၊ ကမ္ဘာကျော် ဧရာဝတီမြစ်ကြီးရဲ့ အလှအပများ ၊ စသည့် သမိုင်းတန်ဖိုးများနှင့် သဘာဝအလှအပများ ပေါများကြွယ်ဝစွာ တည်ရှိနေသည့် နိုင်ငံဖြစ်ပါသည်။
ယခုနေခရမ်း တင်ပြသောစာရင်းသည် နိုင်ငံတကာခရီးသွား website နှင့် သတင်းဆိုဒ်များမှ ပြုစုထားသည့် စာရင်းများကို စုစည်းကာ ရွေးချယ်၍ ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီအထဲမှ နေရာဒေသများသည် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရန် အများဆုံး ကြိုက်နှစ်သက်သည့် နေရာများ ဖြစ်ကြောင်းဦးစွာ ပြောကြားလိုပါသည်။ ဘယ်နေရာတွေ ပါဝင်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်…

(၁) ပုဂံဒေသ နှင့် ဧရာဝတီမြစ်ပြင်အလှ (Bagan and Ayeyarwady River Cruise)

ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာပြည်ဆိုသည်နှင့် ပုဂံကို တွဲ၍ သိမှတ်ကြရအောင် အကျော်ကြားဆုံး နေရာဒေသတစ်ခု ဖြစ်ပါသည်။ ပုဂံဒေသတွင် များပြားလှစွာသော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ ၊ ကျောင်းများ ၊ အဆောက်အဦများကို ထောင်ချီ၍ ရှိနေသလို လှပသည့် ဧရာဝတီမြစ်ပြင်ရှု့ခင်းများကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်နိုင်သည့် ဒေသဖြစ်သလို ယဉ်ကျေးမှုထွန်းကားမြင့်မားသည့် ဒေသတစ်ခုပင် ဖြစ်ပါသည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် ပုဂံမြို့တော်ကို လူကုံထံတို့ရဲ့မြို့တော်ဟု တင်စားခံခဲ့ရသည်ဟု ဆိုပါသည်။ ရွှေရောင်အတောက်ပဆုံးနှင့် ထိပ်တန်းအရောက်ဆုံးဖြစ်သည့် ၁၁ ရာစုလောက်တွင် ဘုရားစေတီအုတ်ကျောင်းပေါင်း ၁၃၀၀၀ကျော် တည်ရှိခဲ့သည်ဟု နိုင်ငံခြားမှတ်တမ်းများတွင် ရေးသားထားကြပါသည်။ ယခုအချိန်အထိ ၂၂၀၀ ကျော်ကျန်ရှိနေသေးကြောင်း သိရပါသည်။ နှစ်ကာလကြာမြင့်လှသဖြင့် သဘာဝဘေးဒဏ်များ ခံခဲ့ရသည်မှာလည်း မနည်းလှပါ။ ပုဂံဒေသသည် ကမ္ဘာပေါ်တွင် သမိုင်းဆိုင်ရာ အဆောက်အဦများနှင့် ဗုဒ္ဓစေတီပုထိုးများ အများဆုံး တည်ရှိရာနေရာ တစ်နေရာဖြစ်ပါသည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သလို ကမ္ဘာပေါ်တွင်ပါ ကျော်ကြားလှသည့် ဧရာဝတီမြစ်တစ်လျောက် အပျော်စီးသဘောင်္များဖြင့် လှည့်လည်ခြင်းများလည်း များစွာပြုလုပ်လာကြပါသည်။ အထူးသဖြင့် မန္တလေးမြို့ နှင့် ပုဂံမြို့အကြား လှည့်လည်၍ ရှု့ခင်းအလှခံစားကြပါသည်။ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများရော ၊ ပြည်တွင်းခရီးသွားများပါ အများဆုံးလာရောက်လည်ပတ်တတ်ရာ နေရာပင်ဖြစ်ပါသည်။

Wednesday, August 8, 2018

ကရင်ပြည်နယ်မှ ဘုရင့်ညီလှိုဏ်ဂူ နှင့် သဘာဝရေပူစမ်း

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသူတိုင်း မဖြစ်မနေ၀င်ရောက်တတ်သည့် နေရာတစ်နေရာမှာ ဘုရင့်ညီလှိုဏ်ဂူပင် ဖြစ်ပါသည်။ ဘုရင့်ညီလှိုဏ်ဂူ၏ ထူးခြားမှုတစ်ခုမှာ လှိုဏ်ဂူရှေ့တွင်ရှိသည့် သဘာဝရေပူစမ်းပင် ဖြစ်ပါသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်စေတီများနှင့် သဘာဝအလှအပများကို ဖူးမျှော်လေ့လာရင်း ကိုယ်စိတ်ပင်ပန်းသမျှ ရေပူစမ်းတွင် အပန်းဖြေရေကူးလေ့ ရှိကြပါသည်။

ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေး သွားရာလမ်းတွင် တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့်လည်းနီးကပ် စွာတည်ရှိပါသည်။ ဘားအံမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ ရှေ့တွင် ရေကန်ကြီးများရှိပြီး အလယ်မှလှိုဏ်ဂူအတက်လမ်းသို့ တံတားထိုးထားပါသည်။ ထိုရေကန်ကြီးများသည် သဘာဝရေပူစမ်း ထွက်ပေါက်များ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ရေကူးရန်နေရာများကို ခွဲခြားပေးထားပါသည်။ ရေကန်သည် တစ်ဖက်တွင် ရေပူဖြစ်သော်လည်း အခြားတစ်ဖက်သည် ရေအေးဖြစ်နေပါသည်။လာရောက်လည်ပတ်သူများ အနေဖြင့် ရေကူးအပန်းဖြေကြသူများလည်း ရှိကြပါသည်။
Related Posts Plugin for WordPress, Blogger...