Thursday, February 28, 2013

အမှတ်တမဲ့အလွဲများ ( ၂၅ )

အမှတ်တမဲ့အလွဲများ ကို တင်ပေးလာတာ အခုဆိုရင် ၂၅ ခုမြောက်ပါ။
ငွေရတုပေါ့...ဟဲ...ဒီအချိန်အထိ အားပေးကြတဲ့ သူငယ်ချင်းများကို
ကျေးဇူးတင်ပါတယ်....ဆက်ပြီး လွဲလိုက်ကြအုံးမယ်နော်...
ဦးဦး သမ္မတကြီး စာလဲမတက်ဘူး...ပြောင်းပြန်ကြီး...ဟီး

Saturday, February 23, 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား


အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။

စိမ်းပြာရောင်ကမ်းခြေ- Navagio beach


ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်တော့ စိမ်းပြာရောင်လို အရောင်ထွက်စေ ပါတယ်။

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်


သက်ရှိများ နေထိုင်ရာ ကမ္ဘာကြီးမှာ ထူးခြား ဆန်းကြယ်မှု များနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့ သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊ တောင်ပေါ် ဒေသများနှင့် သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန်ထူးခြား များပြားလှသည်။
အဏ္ဏဝါ ချစ်သူများ အနေဖြင့် သမုဒ္ဒရာ အတွင်း ရေနက်ပိုင်းတွင် နေထိုင် ကျက်စားသည့် တောက်ပသော အရောင်အသွေး ဖြင့် လှပသော ပင်လယ် ရေကြွက်ကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်လိုက်ပါသည်။

ခန္ဓာကိုယ် တစ်ခုတည်းတွင် ဦးခေါင်းနှစ်လုံး ပါသော အံ့သြဖွယ် ကောင်းသည့် ရေပုတ်သင် မျိုးစိတ်


ဘာလင် ဖေဖော်ဝါရီ  ၁၇
မျိုးရိုးဗီဇ ချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာသော ထူးခြား ဆန်းကြယ်သည့် ခန္ဓာကိုယ် တစ်ခုနှင့် ဦးခေါင်း နှစ်လုံး ပါရှိသော ရေပုတ်သင် မျိုးစိတ်ကို ပုဂ္ဂလိက မွေးမြူသူ တစ်ဦးက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပုတ်သင်၏ သက်တမ်းမှာ ခြောက်လမျှသာ အသက်ရှင် နေနိုင်ကြောင်းနှင့် ၎င်းကို အစာကျွေး ရာတွင် ပါးစပ် နှစ်ပေါက် စလုံးသို့ ကျွေးရကြောင်း မွေးမြူသူက ပြော ကြား ခဲ့သည်။

ဂျစ်ပ်စီတွေရဲ့၂၀၁၁ Khamoro ပွဲတော်


Prague မှာ ၂၀၁၁ ခုနှစ် မေ ၂၆ ရက့်တုန်းက ကမ္ဘာ့ ရိုးမား ဂီတနဲ့ အက ပွဲတော်ဖြစ်တဲ့ Khanmoro ၂၀၁၁ ပွဲတော် ကို အိန္ဒိယမှ Rabari gypsies တွေက ဆင်နွဲခဲ့ပါတယ် ။ နိုင်ငံပေါင်း ၁၉ နိုင်ငံက ၁၀၀ ကျော်တဲ့ အနုပညာ ရှင်တွေဟာ ဒီ Khamoro ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ပါတယ် ။

ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူးများ ဖန်တီးထားသော ဧရာမ ထမင်းကြော် ပွဲကြီး ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန်တင်


ဆန်ဟိုဆေး  ဖေဖော်ဝါရီ  ၂၁
ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူး များသည် တရုတ်ရိုးရာ မြွေနှစ်သစ်ကူး အခါ သမယကို ကြိုဆိုသည့် အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်က ဧရာမ ထမင်းကြော် ပွဲကြီးကို ဖန်တီး ကြော်လှော်၍ ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။

ချစ်သူများနေ့ အလွန်၌ နိုင်ငံပေါင်း ၇၀ကျော်မှစုံတွဲ ၃၅၀၀ကအစုလိုက် အပြုံလိုက်လက်ထပ်ကြ


ချစ်သူများနေ့အလွန် ဖေဖော်ဝါရီလ ၁၅ရက်နေ့၌ နိုင်ငံပေါင်း ၇၀ကျော်မှ စုံတွဲ၃၅၀၀က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အစုလိုက်အပြုံလိုက် လက်ထပ်ခဲ့ကြသည်။ ဘာသာစကားမတူ ကွဲပြားသော အဆိုပါစုံတွဲများသည် ဆိုးလ်မြို့ရှိ ဂက်ယောင်းဒေသတွင် ခရစ်ယာန်ဘုရားကျောင်း တည်ထောင်ခဲ့သူ ဆန်မြန်မွန်း အမှတ်တရအဖြစ် လက်ထပ်ခဲ့ကြသည်။ ယင်းသို့ အစုလိုက်အပြုံလိုက် လက်ထပ်သူများတွင် အခိျု့စုံတွဲများတွင် အချင်းချင်း ချစ်ကြိုက်ကြသည်မှာ ရက်ပိုင်းသာ ရှိသေးသည်ဟု အဆိုပါမင်္ဂလာပွဲမှ တွေ့ဆုံမေးမြန်းမှုများ အရသိရသည်။

နေစရာအိမ်မရှိ၍ သင်္ချိုင်းမြေရှိ အုတ်ဂူထဲတွင် ၁၅နှစ်ကြာ နေထိုင်ခဲ့သူ


လွန်ခဲ့သည့် ၁၅နှစ်ခန့်က နေစရာအိမ် မရှိတော့သဖြင့် သင်္ချိုင်းမြေဟောင်း တစ်ခုထဲတွင် နေထိုင်ခဲ့သူ အသက်၄၃နှစ်အရွယ် ဆားဘီးယားနိုင်ငံသား ဘရာတစ်ဆလဗ်စတို ဂျန်နိုဗစ်ဆိုသူက လူသေများနှင့် သရဲများထက် သက်ရှိလူသားများကို ပိုကြောက်သည် ဟုဆိုလိုက်သည်။

အိုင်းစတိုင်းနှင့် ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် အင်္ဂလန်သူလေးက ဥာဏ်ပိုကောင်း


အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အဆက်ဒေသမှ လောက်တွန် အထက်တန်းကျောင်းသို့ ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ နာမည်ကျော် မန်ဆာဥာဏ်စမ်းအဖွဲ့မှ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူတစ်ဦးသည် ဥာဏ်ရည်ဥာဏ်သွေး ရမှတ်၁၆၁မှတ်ရရှိပြီး ဥာဏ်ကြီးရှင် အိုင်းစတိုင်းအပါအ၀င် ပါမောက္ခ စတီဖင်ဟော့ကင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်တို့ထက်  သာလွန်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးလက်ကျန်ငွေကို အသုံးပြုပြီး အလုပ်ရှာဆိုင်းဘုတ် ထောင်လိုက်တဲ့ လန်ဒန်မြို့သား


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ရှောဒစ်ရပ်ကွက်၏ လူသွားလူလာများသော နေရာတွင် အသက်၂၄နှစ်အရွယ်ရှိ အဒမ်ပါစီတီဆိုသူ ဘွဲ့ရတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်နေသဖြင့် ၎င်း၏ရှိစုမဲ့စုငွေပေါင် ၅၀၀ကိုသုံးပြီး အလုပ်လိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်လိုက်သည့် သတင်းက ကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ အဒမ်ပါစီတီ၏ ဆိုင်းဘုတ်ပေါ်တွင် သူ၏ဓာတ်ပုံနှင့်အတူ ''ကျွန်တော်ရဲ့ နောက်ဆုံးငွေ၅၀၀သုံးပြီး ဒီဆိုင်းဘုတ်ကို ထောင်လိုက်ရပါတယ်။ ကျွန်တော့်ကို အလုပ်တစ်ခုပေးကြပါ''ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။

ရေခဲကျောက် တိုင်များအပေါ် အထိုင်ပြိုင်ပွဲကျင်းပ


 ဆောင်းရာသီ ပျော်ပွဲ၊ ရွှင်ပွဲများအပြင် ရေခဲကျောက်တိုင်များ အပေါ်တွင်အထိုင် ပြိုင်ပွဲများကို ဆွီဒင်နိုင်ငံ မြောက်ပိုင်း၌ ဖေဖော်ဝါရီ၇ရက်မှ စတင်၍ကျင်းပ ပြုလုပ်ခဲ့ကြသည်။

Tuesday, February 19, 2013

အီတလီမှ ရေတပ်မြို့ကလေး


Portofino ရွာဖြစ်ပါတယ်။ အီတလီနိုင်ငံကပါ။ငါးဖမ်းရွာတဲ့ ဒါပေမယ့် သူတို့ ရဲ့အဆောင်အဦး တွေဟာ ရှေးယခင်ကတည်းက တောင်ကိုကပ် ပြီး ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ရှေးအီတလီ ဘုရင်ရေတပ်တွေ အလေးထားတဲ့ ရေတပ်မြို့လည်း ဖြစ်ပါတယ်။ 
ref : facebook ( သုတစွယ်စုံကျမ်းမှ)

ရှေးဟောင်းပိရမစ် ၃၅ခုကို ဆူဒန်၌တွေ့ရှိ


ဂူသင်္ချိုင်းများ ပါဝင်သော ရှေးဟောင်း ပိရမစ် ၃၅ခုကို ဆူဒန်နိုင်ငံ ဆီဒီအင်ဂါဒေသတွင် ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။ အဆိုပါပိရမစ်များ၏ သက်တမ်းမှာ နှစ်ပေါင်း၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ ဆူဒန်ဘုရင် ကက်ရှ်လက်ထက်က တည်ဆောက်ခဲ့သည့် အဆိုပါပိရမစ်များ၏ ဗိသုကာပညာမှာ လွန်စွာအဆင့်မြင့်သည်။

Monday, February 18, 2013

နှစ်ပေါင်း ၁၂၀၀ကျော် သက်တမ်းရှိ အိန္ဒိယမှသမိုင်းဝင် ရေတွင်း














ယမုံနာမြစ်ကမ်း အနီးရှိ တာ့ဂ်ျမဟာ အဆောက်အအုံကဲ့သို့ အနုပညာ လက်ရာမြောက်သည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျာပန်ပြည်နယ် အဘေနီရီ ကျေးရွာအနီးရှိ ပေ၁၀၀ကျော်နက်သော နှစ်ပေါင်း ၁၂၀၀သက်တမ်းရှိ ရေတွင်းကို အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။ ဟိန္ဒူအနုပညာ လက်ရာဖြစ်သော အဆိုပါရေတွင်းကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ကျော်က ဆောက်လုပ်ခဲ့ပြီး လှေကားထစ်ကျော်ပေါင်း  ၃၅၀၀ကျော်ပါရှိသည်။ အဆိုပါရေတွင်းသည် မြေအောက်စိမ့်ရေနှင့် ဆက်စပ်လျက်ရှိပြီး ၁၂လရာသီ ရေမပြတ်ရရှိသည့်အပြင် ရေသည်အစဉ် အေးမြလျက်ရှိပြီး သေသပ်ကျနသော ရှေးခေတ် ဗိသုကာလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။

ကမ္ဘာ့အကြီးဆုံး ဂရင်းစင်ထရယ် ဘူတာရုံကြီးနှစ် ၁၀၀ပြည့် အခမ်းအနားကျင်းပ


နှစ်စဉ်ဖေဖော်ဝါရီလတိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျက်ပြည်နယ် အရှေ့ပိုင်း ကီလာရွိုင်ပူဒေသရှိ အိန္ဒိယကျေးလက် အိုလံပစ်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။

ကမ္ဘာ့အလျား အရှည်ဆုံးကြောင် ကွယ်လွန်


နှာခေါင်းမှ အမြီးဖျားအထိ လေးပေခန့် ရှည်လျားသော အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ရီနိုမြို့မှ ဂင်းနက်စ်စံချိန်ဝင် ကမ္ဘာ့အလျား အရှည်ဆုံးကြောင်သည် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စတီဝီအမည်ရှိ ယင်းကြောင်သည် ၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ၄၈ဒသမ၅လက်မဖြင့် ကမ္ဘာ့အလျားအရှည်ဆုံး ကြောင်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့သည်။စတီဝီကွယ်လွန်ချိန်တွင် အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ အင်တာနက် စာမျက်နှာတွင် ၀မ်းနည်းကြောင်း စာသားများနှင့်  အထိမ်းအမှတ် ပစ္စည်းများပေးပို့ခဲ့ကြောင်း ကြောင်ပိုင်ရှင်ဖြစ်သူ ရိုဘင်ဟန်ဒရစ်ဆွန်က ပြောကြားသွားခဲ့သည်။

Friday, February 15, 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်
သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
Posted on Feb 15 13 - 05:51 AM | Hits : 895
ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်















ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

ထူးဆန်းလှပ အသက်ဝင်သော ပန်းချီများ

 အခုတင်ပေးမယ့် ပုံလေးတွေက အသက်ဝင်ပြီး လှပတဲ့ ရုပ်ကြွပုံ တွေပါ။
မူရင်းဖန်တီးသူ အဆိုအရ 3D လို့တောင် မခေါ်ပဲ 4D ပန်းချီတွေလို့ဆိုပါတယ်။
ဒီပန်းချီ ပုံတွေက အပြင်ဘက်က ကြည့်ရှုသူကိုပါ သက်ရောက်မှုရှိလို့ပါ။

ဘောလုံးကို နှုတ်ဖျားဖြင့် အကြိမ်အများဆုံး ဆော့ကစားပြသူ


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အသက် ၂၅နှစ်ရှိပြီဖြစ်သည့် ဘောလုံး အားကစားသမား ဒန်နီရယ်ကက်တင်ဆိုသူက ဘောလုံးကိုနှုတ်ဖျားဖြင့် ၁၅၈ကြိမ်တိတိ ဆက်တိုက် ပုတ်ခတ်ကစား ပြနိုင်ခဲ့သောကြောင့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။

Tuesday, February 12, 2013

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ


Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။

Monday, February 11, 2013

သက်တံစက်ဝန်း


 အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အသက် ၄၂နှစ်အရွယ်ရှိ နီကိုလီသည် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ပြီး အားလပ်ရက်တွင် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုသက်တန့် အလှဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယား ရေတံခွန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတံခွန် တစ်ခုဖြစ်ပြီး နေရောင်ကြောင့် ဖြစ်ပေါ်လာသော  သက်တံစက်ဝန်း၏ အလှကိုကြည့်ရှု့ခံစားနိုင်သည်။

ထူးခြားဆန်းပြား ဖားဝါလေးများ


အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားပြည်နယ်၌ နှင်းများထူထပ်စွာ ဖုံးနေသော လမ်းကြားကလေး တစ်ခုတွင် ထူးခြားဆန်းပြား ဖားဝါလေးများကို စတီဗင်အက်ကင်ဆိုသူက စတင်တွေ့ရှိခဲ့သည်။ ထို့နောက် စတီဗင်က ထူးခြားဆန်းပြား ဖားဝါလေးများ အကြောင်းကို ဇနီးသည်ကို ပြန်လည်ပြောပြရာ ဇနီးသည်က လိုချင်သည် ဆိုသောကြောင့် ဖားဝါလေးများကို အိမ်သို့ယူဆောင်လာပြီး ရေဖလားထဲ ထည့်ထားသည်။

အမှုများကြားနာနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ရုရှားတရားသူကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရ


ရုရှားအရှေ့ဖျားဒေသ ဗလာဂေါ့ခ်ျချင့်စ်မြို့ရှိ တရားသူကြီးတစ်ဦးသည် အမှုများ ကြားနာ စစ်ဆေးနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ရုရှားအခြေစိုက် သတင်းများတွင် ဖော်ပြခဲ့သည်။ ယာ့ဖ်ဂီနီမက်ခ်ဟာဟို အမည်ရှိမြို့နယ် တရားသူကြီးသည် အမှုတစ်ခု ကြားနာစစ်ဆေးစဉ် မှားယွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့သဖြင့် တရားခံ ရှေ့နေတစ်ဦးက ၎င်းတရား စီရင်ချိန်များတွင် အိပ်ပျော်နေပုံကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ထုတ်လွှင့်ပြသခဲ့သည်။ ထို့ကြောင့် ရုရှားတရားရုံးတော်က ယင်းကိစ္စနှင့် ပတ်သက်၍ မာက်ခ်ဟာနိုကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

နေအိမ်အဆောက်အဦး တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှု တရုတ်၌ ဖြစ်ပွား


 တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများအနက် ဂေါင်ဇူးမြို့ ဂေါင်ဝမ်လမ်းရှိ မြေအောက်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်အနီးတွင် နေအိမ်အဆောက်အအုံ တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ရက် ရှန်ဟိုင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံ ကျွံဝင်ခဲ့သည့် မြေကျင်းသည် ၃၂၃၀ပေကျယ်ဝန်းပြီး ပေ၃၀၀၀ကျော် အနက်ရှိကြောင်း သိရသည်။ တစ်စုံတရာ ထိခိုက်ဒဏ်ရာရရှိ သူမရှိကြောင်း သိရသည်။ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် မြေအောက်မှ ရေများအဆမတန် စုပ်ယူသုံးစွဲမှုနှင့် အဆောက်အအုံများ ပိုမိုတိုးချဲ့ တည်ဆောက်လာမှုတို့ကြောင့် ယင်းသို့ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ကမ္ဘာ့ပထ၀ီဝင် လေ့လာစူးစမ်းရေးအဖွဲ့မှ ပညာရှင်များက ပြောကြားသွားခဲ့သည်။
 

ဒူဘိုင်းကမ်းခြေ၌် ချစ်သူကို နမ်းမိ၍ ထောင်ဒဏ် တစ်နှစ်ကျခံခဲ့ရ


အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းကမ်းခြေ၌ စုံတွဲတစ်တွဲသည် နှုတ်ခမ်းခြင်းနမ်းမိ၍ ရဲများက ထိုစုံတွဲကို ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ ဒူဘိုင်း McDonald's စားသောက်ဆိုင်တွင် လာရောက်အလုပ် လုပ်ကိုင်လျက်ရှိသော အသက် ၂၈နှစ်အရွယ်ရှိ အိန္ဒိယအမျိုးသားသည် ပန်းနာရင်ကျပ် ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသောကြောင့် လုပ်ဖော်ကိုင်ဖက်ချစ်သူ ဖိလစ်ပိုင် အမျိုးသမီးကို နှုတ်ခမ်းချင်း လေမှုတ်သွင်း ကုသပေးခြင်းသာဖြစ်ကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်။

ပေ၁၀၀မြင့်သော လှိုင်းလုံးများကိုစီးသည့် ကမ္ဘာ့အမြင့်ဆုံးလှိုင်းစီးသူ


 ပေ၁၀၀ခန့် အမြင့်ရှိသော လှိုင်းလုံးကြီးများကို မကြောက်မရွံ့စီးပြရင်း ဂါရတ် မက်နာမာရာ ဆိုသူက ကမ္ဘာ့အမြင့်ဆုံး လှိုင်းစီးသူအဖြစ် စံချိန်တင်လိုက်ပြီဖြစ်သည်။ ဇန်န၀ါရီလ ၂၉ရက်က ကမ္ဘာ့စံချိန်သစ်ကို ချိုးပြလိုက်သည့် လှိုင်းစီးသမားကြီး ဂါရတ်သည် ၂၀၁၁ခုနှစ်ကလည်း ၇၈ပေအမြင့်ရှိသော လှိုင်းလုံးကြီးကိုစီးရင်း ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်ခဲ့ဖူးသည်။ ယခုအခါအသက် ၄၅နှစ်ရှိပြီဖြစ်သော လှိုင်းစီးသမားကြီး ဂါရတ်သည် သူ၏ယခင်စံချိန်ဟောင်းကို သူကိုယ်တိုင်ပင်ပြန်ချိုးပြီး ပေါ်တူဂီကမ်းခြေ၌ အမြင့်ဆုံးလှိုင်းကိုစီးရင်း စံချိန်သစ်အတွက် မှတ်တမ်းသစ်တင်နိုင်ခဲ့ပြီဖြစ်သည်။ 
 

Wednesday, February 6, 2013

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး


ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။
Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။

အီတလီမှ တိုက်သစ်တော


အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။
စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဂဏန်း


မြန်မာအခေါ်အရ အုန်းသီး ဂဏန်းဖြစ်ပြီး အုန်းပင်၊ ထန်းပင်ပေါ် တက်လို့ အုန်းသီး၊ ထန်းသီးကို ခြွေချ၊ ညှပ်ချတတ်တဲ့ ဂဏန်းများ ဖြစ်ပါတယ်။
လက်နှစ်ဖက် ဆံ့တန်းလိုက်ရင် ၂ ပေ ခွဲလောက်ထိ ရှည်ထွက်ပါတယ်။ စုစု ပေါင်း အလေးချိန် ၉ ပေါင်လေးပြီး လက်မမှာ ပါတဲ့ အသွားဟာ အင်မတန် ထက်ပါတယ်။

Monday, February 4, 2013

မလေးရှား နိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ဖြစ်နေသော ဆင်ပုများ အဆိပ်မိ သေဆုံး


ကွာလာလမ်ပူ ဇန်နဝါရီ ၃ဝ
မလေးရှား နိုင်ငံ အတွင်းရှိ သဘာဝ သစ်တောများ၌ ထိန်းသိမ်းထားသည့် မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ဖြစ်နေသော ဆင်ပုများ သေဆုံး နေသည်ကို တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါ ဆင်များသည် အဆိပ် မိခြင်းကြောင့် သေဆုံး ရနိုင်ဖွယ် ရှိကြောင်း တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။
အဆိုပါ ဆင်များသည် ခန္ဓာကိုယ် အတွင်း သွေးယိုစီးမှုကို ခံစား ခဲ့ရကြောင်း၊ ၎င်းတို့သည် တစ်ကောင်နှင့် တစ်ကောင် မနီးမဝေးတွင် သေဆုံး နေသည်ကို တွေ့ရှိခဲ့ပြီး သုံးလသား အရွယ် ဆင်ပုလေးအား သေဆုံးနေ သော ၎င်း၏ မိခင်ဖြစ်သူ ဆင်မကြီး၏ နံဘေးတွင် တွေ့ရှိခဲ့ ရသောကြောင့် ၎င်းသည် မိခင် ဖြစ်သူအား   နှိုးရန် ကြိုးစားထားပုံ ရကြောင်း သိရသည်။

အမှတ်တမဲ့အလွဲများ ( ၂၄ )

သူငယ်ချင်းတို့အတွက် ဒီတစ်ပတ်အလွဲများလာပါပြီ...
ဘယ်လောက်လွဲနိုင်အုံးမလဲ ကြည့်လိုက်ကြပါအုံးနော်...

ဟာ...ဟိုရှေ့မှာ မှောင်မဲနေတာပဲကွ...

Sunday, February 3, 2013

ထူးထူးခြားခြားတည်ဆောက်ထားသော အိမ်ကလေးများ

ကျွန်တော် ဒီဆိုဒ်မှာ ဆန်းဆန်းပြားပြားအိမ်များကို အရင်ကလည်း တင်ပေး
ဖူးပါတယ်။ အခု ဒီပုံစံလေးတွေကတော့ သဘာဝ နှင့် ပေါင်းစပ်ထားသော
အိမ်ပုံလေးတွေကို ထပ်တင်ပေးလိုက်ပါတယ်...
(၁) ကောင်တယ်ဗျာ သူခိုးတော့ စိတ်ချရတယ်နော်...

Friday, February 1, 2013

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း


ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါ တယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်း ဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

Horned Viper ခေါ် သဲမြွေပွေး


Horned Viper: လို့ Science name ပေးတဲ့ ဒီမြွေက (မြန်မာလို သဲမြွေပွေး) ကတော့ သဲကန္တာရတွေပေါပါတယ် ဦးခေါင်းမှာဂျိုနှစ်ခုပါပါတယ် အဆိပ်ပြင်းတဲ့ထိပ်တန်းမြွေမျိုးစိတ်တွေထဲမှာ အပါအ၀င်ဖြစ်ပါတယ် ..သဲကန္တာရရဲ့ နေ့ခင်းမွန်းတည့်ချိန်ဟာ သူတို့ ရဲ့ မဟာဒေါသ အထွက်ဆုံးအချိန်ဖြစ်ပါတယ် အဲ့အချိန်မှာ ကိုက်ခံရတဲ့လူတစ်ယောက်ဟာ အသက်မရှင်ဖို့ 95 ရာခိုင်နှုန်းသေချာပါတယ် ....

အပူချိန်ဒီဂရီဆဲလ်စီးရပ် လေးသန်းအထိရှိပြီး မိုင်၉၀ခန့် မြင့်မားသည့် နေပေါက်ကွဲမှုကြီး


နာဆာမှ သိပ္ပံပညာရှင်များ၏ အဆိုအရ ယခုတစ်ခေါက် နေ၏ပေါက်ကွဲမှုမှာ မိုင်၉၀ခန့်မြင့်မားပြီး လောင်ကျွမ်းမှု အပူချိန်မှာ ဒီဂရီဆဲလ်စီးရပ် လေးသန်းအထိရှိကြောင်း သိရသည်။ နေလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် နေ၏ပတ်လည်တွင် သံလိုက်စက်ကွင်းများ ဖြစ်ပွားမှုမှာ အမြင့်ဆုံးဖြစ်နေပြီး ချော်ရည်များမှ စွမ်းအားအင်မတန် ပြင်းထန်လှသည့် အမှုန်ငယ်များ ထွက်လာသည်ကိုလည်း တွေ့ရသည်။ ယခုတစ်ခေါက် နေ၏ပေါက်ကွဲမှုမှာ ယခင်တစ်ခေါက်ထက် ငါးဆမျှပိုမို ကြီးမားလာသည်။

ထူးခြားသောLangaha Nasuta မြွေ


Langaha Nasuta: လို့ science name ပေးထားတဲ့ မြွေတစ်မျိုးပါ
သူ့ရဲ့ နှာခေါင်းက သစ်ရွက် ပုံစံမျိုးရှိတဲ့အတွက် တော်တော်သတိထားရမဲ့အနေအထားမှာရှိပါတယ်
အရောင်မျိုးစုံရှိပါတယ် သူတို့ မျိုစိတ်တွေရဲ့အဆိပ်က လူကိုမသေစေနိုင်ပေမဲ့ ရက်အတန်အကြာတော့ ဖျားနာနိုင်ပါတယ် .. ဒါပေမဲ့ ခင်ဗျားကိုကိုက်တဲ့ အဲ့မျိုးစိတ်မျိုးမြွေက တစ်ခြားမြွေမျိုးစိတ်တစ်မျိုးနဲ့စပ်တဲ့အကောင်ဆိုရင်တော့ နာေ၇းကူညီမူကို ဖုန်းဆက်ထားပါတဲ့။

လေနှင့်ရေမရှိဘဲ စိုက်ပျိုးထားသည့် ဖန်ပေါင်းချောင်ထဲက ပန်းခြံငယ်


နှစ်ပေါင်း ၅၀ကျော်အတွင်းမှာ တစ်ကြိမ်သာ ရေလောင်းရန်လိုသည့် ဖန်ပေါင်းချောင်ထဲက ပန်းခြံတစ်ခုကို ဒေးဗစ်လက်တီမာ ဆိုသူက လက်တွေ့ သရုပ်ပြနိုင်ခဲ့ပါပြီ။ ၁၉၆၀ပြည့်နှစ်က ဒေးဗစ်လက်တီမာဆိုသည့် ဥယျာဉ်မှူးတစ်ဦးသည် ဖန်ပေါင်းချောင်ထဲတွင် ပန်းခြံအငယ်စားတစ်ခုကို ဖန်တီးခဲ့သည်။ အဆိုပါ ဖန်ပေါင်းချောင်ထဲက ပန်းခြံကို ပြင်ပလေနှင့် ရေတို့ဖြင့် မထိတွေ့စေဘဲ ကိုယ်ပိုင်သဘာဝ ဂေဟစနစ်ဖြင့် ကြီးထွားလာရန် စီစဉ်ထားသည်။
Related Posts Plugin for WordPress, Blogger...