ဂျာမနီုနိုင်ငံ Ludwigsburg မြို့ရဲ့ ပန်းခြံတစ်ခုမှာ လာရောက်လည်ပတ်သူတွေဟာ
တာဝန်ထမ်းဆောင်နေတဲ့ ခွေးလေးတစ်ကောင်ကြောင့် အံ့အားသင့်နေကြတယ်လို့
သိရပါတယ်။ ပန်းခြံကိုလည်ပတ်သူတွေအနေနဲ့ ခွေးလေးဟာ ပန်းခြံထဲမှာရှိနေတဲ့
အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျထည့်နေတာကို တွေ့ရှိခဲ့ကြရတာပါ။
ဒီဗီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး အသုံးပြုသူ Sascha Gilly က အမှိုက်ကိုပေးလိုက်ရာမှာ ဒီအမှိုက်ကို ပါးစပ်ထဲထည့်ပြီး ပန်းခြံထဲက အမှိုက်ပုံးထဲသွားထည့်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီခွေးလေးကို လေ့ကျင့်ပေးထားတဲ့လူကို ဝိုင်းဝန်းချီးမွန်းခဲ့ကြတာပါ။ “ဒီခွေးလေးက ကျွန်မရဲ့ သူရဲကောင်းပါပဲ။ သူဟာ အမှိုက်ကိုအမှိုက်ပုံးထဲ စနစ်တကျထည့်တာဖြစ်ပြီး ကျွန်မအနေနဲ့ အမြန်ရိုက်ကူးလိုက်ရပါတယ်” လို့ တင်ထားသူက ဆိုပါတယ်။
( Beauty Syh )
Credit:သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI