Friday, February 17, 2017

သဘာဝအလှများတည်ရှိရာ ကရင်ပြည်နယ် မှ ဆဒ္ဒန်လှိုဏ်ဂူကြီး

ကျွန်တော်ယခင်က ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများဟူသော
ခေါင်းစဉ်ဖြင့် ဆဒ္ဒန်ဂူအကြောင်းကို အကျဉ်းချုပ်ရေးပေးဖူးပါသည်။
ယခုဆက်လက်ပြီး ဆဒ္ဒန်လှိုဏ်ဂူကြီး တစ်ခုတည်းကို တင်ပြပေး
ပါမည်။ ကရင်ပြည်နယ်သည် ထုံးကျောက်တောင်များ ပေါများ
တည်ရှိရာ ဒေသတစ်ခု ဖြစ်သလို ထုံးကျောက်တောင်ဂေဟစနစ်
များလည်း ပူးတွဲတည်ရှိနေပါသည်။ ထုံးကျောက်တောင်ကြီးများ
နှင့်အတူ ကြီးမားကျယ်ပြန့်သော လှိုဏ်ဂူကြီးများ အများအပြား
တည်ရှိရာ ပြည်နယ်တစ်ခုပါ။ ထိုအထဲမှ ကရင်ပြည်နယ်တွင်
အရှည်ဆုံးလှိုဏ်ဂူ တစ်ခုဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူသည် သဘာဝ
အလှအပများပေါများကြွယ်ဝရာ နေရာတစ်ခုပင် ဖြစ်ပါသည်။

ဆဒ္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ် ၊ ဘားအံမြို့မှ တောင်ဖက်
မိုင်-၂၀ အကွာ ၊ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင်
တည်ရှိနေပါသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်
နီးပါသည်။ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုမှတစ်ဆင့်
လည်းကောင်း ၊ ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှ
လည်းကောင်း ၊ မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်)
တံတားကိုဖြတ်ကာ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှ
လည်းကောင်း သွားရောက်နိုင်သည်။

ယခုအခါ လမ်းများ ဖောက်လုပ်ပြီးစီးသင့်သလောက်
ပြီးစီးနေသော်လည်း မိုးအခါများတွင်တော့ သွားရေးလာရေး အစဉ်
မပြေနိုင်သေးပါ။

ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၃)


အမှတ်တမဲ့ အလွဲများ ( ၇၈ )

နေခရမ်း၏ သူငယ်ချင်းများအတွက် ပြုံးပျော်ရွှင်လန်းစေဖို့
ပုံလေးများကို ရွေးချယ်တင်ဆက်လိုက်ပါတယ်။ :D

ဟိုက် ... ဂွပဲ ။ ငါက ဘယ်ထဲဝင်ရမှာလဲဟ...

သူ့ခွေးလေးတွေ့ရင် အကြောင်းကြားပေးလိုက်ကြပါဗျာ။
သနားပါတယ်...

ပန်းရံဆရာ နည်းနည်း မူးသွားလို့ပါ...

အီးးး သေပါပြီ...

နင်နှေးတယ်ဟာ။ ပြေးလာခဲ့ ။ ငါထိုင်စောင့်နေမယ်။

ဘာတွေများ အောက်ကပင့်ရိုက်နေတာလဲဟင်...

မင်း ၀ လာမလား ။ ငါပိန်ပေးရမလား။

ဒုံးးးး

ဒါမှ ပိုစိတ်ချရတာ...

မရဘူး။ ဘွားဘွားကြီးလည်း သောက် မသောက် စစ်ရမှာပဲ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

မီးခြစ်ဆံလေးများဖြင့် လက်ရာမြောက် ဖန်တီးထားမှုများ

မီးခြစ်ဆံလေးတွေကိုပဲ အသုံးပြုပြီး ဖန်တီးထားပုံလေးများပါ။
လက်ရာမြောက် သေသပ်သလို စိတ်ရှည်ရှည်နဲ့ လုပ်ထားတာကို
အံ့သြချီးကျူးမိပါတယ်။

စက်လွှ(Chainsaw) နှင့် ထုသည့် ပန်းပု (၂)

ပန်းပုထုလျှင် အသုံးပြုနေကျ ဆောက် ၊ တူ တို့ကို အသုံးမပြုပဲ
စက်လွှ (Chainsaw) ကိုအသုံးပြု ဖန်တီးထားတဲ့ လက်ရာမြောက်
ပန်းပုရုပ်ထုလေးတွေအကြောင်းကို ဆက်လက်တင်ပေးပါအုံးမည်။
ယခု လက်ရာများကိုတော့ Simon O'Rourke ဆိုသူပညာရှင်တစ်ဦး
က ဖန်တီးထားတာပါ။

စက်လွှ(Chainsaw) နှင့် ထုသည့် ပန်းပု

ပန်းပုထုလျှင် အသုံးပြုနေကျ ဆောက် ၊ တူ တို့ကို အသုံးမပြုပဲ
စက်လွှ (Chainsaw) ကိုအသုံးပြု ဖန်တီးထားတဲ့ လက်ရာမြောက်
ပန်းပုရုပ်ထုလေးတွေကို တင်ပေးချင်ပါတယ်။ 

Related Posts Plugin for WordPress, Blogger...