စုစည်းပြီး တင်ပေးတာပါ။
(၁) Zeng Jinlian

ဒီ တရုတ်ပြည်မှ အမျိုးသမီးဟာ ဂရင်းနစ်မှတ်တမ်းတင်ထားနိုင်တဲ့ သမိုင်းတစ်လျောက်တွင်
အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် အမြဲတမ်း သတ်မှတ်ခံရပါတယ်။ အခုထက်ထိ မှတ်တမ်းတွေ
အရ သူ့လောက်အရပ်ရှည်သော အမျိုးသမီး မရှိကြသေးပါဘူး။ သူ့မအရပ်သည်
၂၄၈ စင်တီမီတာ (8 ပေ 1 ¾ လက်မ) အထိရှိပါသည်။သူမဟာ ကျောရိုးကွေးကောက်သည့်
ဝေဒနာ ခံစားခဲ့ရပြီး အရပ်အပြည့် တည့်တည့်မတ်မတ် မတ်တပ်ရပ်နိုင်မှု မရှိခဲ့ပါ။
သူမသည် သမိုင်းတစ်လျောက် အရပ်အရှည်ဆုံး စာရင်းဝင် အဖြစ်သာမကပဲ
ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးများတွင် အသက်အတိုဆုံးအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါသည်။
သူမသည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၈နှစ်မပြည့်မှီ ၁၉၈၂ ခုနှစ်တွင်
သေဆုံးခဲ့ပါသည်။ ထပ်မံအသက်ရှင်နေပါက မည်မျှ အရပ်ထပ်ရှည်မည်ကို မှန်း၍မရပါ။
အခုထက်ထိ မှတ်တမ်းများအရ သမိုင်းတစ်လျောက် ကမ္ဘာ့အရပ်အရှည်ဆုံး
အမျိုးသမီးအဖြစ် သတ်မှတ်ထားကြပါသည်။
(၂) Anna Haining Bates

ဒီအမေရိကန်အမျိုးသမီးကတော့ ၂၄၃ စင်တီမီတာ ( ၇ ပေ ၁၁ လက်မ)အထိအရပ်ရှည်
ပါသည်။ ၁၈၄၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၈၈၈ ခု သူမအသက် ၄၁ နှစ်ကျော်ကျော်မှာ
သေဆုံးခဲ့ပါသည်။ သူမ၏ နောက်ထပ်ထူးခြားသည့် မှတ်းတမ်းတစ်ခုမှာ လင်မယား
နှစ်ဦးလုံး ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲ အဖြစ်ပါ ထူးထူးခြားခြားမှတ်တမ်းဝင်ခဲ့ပါသည်။
သူမ၏ အမျိုးသား Martin မှာလည်း သူမကဲ့သို့ပင် လိုက်ဖက်ညီစွာ အရပ်ရှည်ပါသည်။