၂၀၁၂ ခုနှစ်တွင် ကမ္ဘာကျော် Discovery ရုပ်သံလိုင်းမှ ကမ္ဘာ့အံ့ဖွယ် ထူးဆန်းလွန်းသော နေရာ (၁၀) နေရာတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရတဲ့ တွင်းပေါက်ကြီးပါ။ အပေါ်စီးမှကြည့်ရင် ပင်လယ်ပြင်အတွင်း ကြီးမားကျယ်ဝန်းလှတဲ့ အ၀ိုင်းပုံစံ တွင်းပေါက်ကြီးတစ်ခုကို ထင်ရှားစွာ တွေ့မြင်ရမှာပါ။

ထိုအပြာရောင်တွင်းပေါက်ကြီးကတော့ ဘီလီဇီး ပင်လယ်ပြင်အတွင်း သန္တာကျောက်တန်းများ ၀န်းရံပြီး တည်ရှိနေပါတယ်။ ရှည်လျားလှတဲ့ သန္တကျောက်တန်းများအလယ်လောက်မှာ စက်ဝိုင်းပုံစံ သဘာဝအတိုင်း တည်ရှိနေတာပါ။

ထိုတွင်းပေါက်ကြီးဟာ ဘီလီဇီးမြို့တော်ကုန်းမကြီးရဲ့ ပင်လယ်ကမ်းရိုးတန်းမှ 70 km (43 မိုင်) အကွာတွင် ရှိနေပါတယ်။ တိုင်းတာချက်များအရ ကန့်လန့်ဖြတ်အကျယ် 300 m (984 ပေ) နဲ့ 124 m (407 ပေ) အထိ ရေအောက်နက်ပါတယ်။