Tuesday, October 30, 2018

ကြောင်နင်းဂျားလေးများရဲ့ တိုက်ကွက်ဆန်းများ

ဂျပန်ဓာတ်ပုံပညာရှင် Hisakata Hiroyuki ရဲ့ အချိန်ပေးကာ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ပုံများ ဖြစ်ပါတယ်။ သူဟာ ကြောင်လေးများရဲ့ လျပ်တပြတ်လှုပ်ရှားမှုများကို အမိအရရိုက်ယူထားခဲ့ခြင်း ဖြစ်ပါတယ်။ သူရဲ့ပုံလေးများထဲမှ ကြောင်လေးတွေဟာ လေပေါ်မှာပျံဝဲ တိုက်ခိုက်နေတဲ့ ကြောင်နင်းဂျားလေးများအလား ထင်မှတ်စရာပါ။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (သို့) ပြည်ချစ်ဘုရားကြီး

ပြင်ဦးလွင် (မေမြို့)မြို့သည် အေးချမ်းလှပသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သလို လည်ပတ် ဖူးမျှော်စရာ နေရာဒေသ အများအပြားရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါတယ်။ တောင်လှေကား ၊ ပန်းမြို့တော် ၊ မေမြို့နှင့် ပြင်ဦးလွင် စသည်ဖြင့် အမည်များစွာဖြင့် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလှတဲ့ လှပတဲ့မြို့ကလေးပါ။ ထိုပြင်ဦးလွင်မြို့သို့ ရောက်ဖူးသူတိုင်း လာရောက်ဖူးမျှော်တတ်တဲ့ နေရာတစ်နေရာကတော့ ပြည်ချစ်ဘုရား (ခေါ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးပင် ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ပြင်ဦးလွင် မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ် ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိနေပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီး၏ ကျော်ကြားလူသိများရခြင်းမှာ ပြည်ချစ်ဘုရားဟူသော ဘွဲ့ထူးကြောင့်လည်း ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုသပ္ပါယ်ဖွယ် ထုဆစ်ပူဇော်ထားသည့် ကျောက်ဆင်းတု ရုပ်ပွားတော် ဖြစ်ပါသည်။

မုခ်ဦးတံတိုင်းသို့ ၀င်လိုက်သည်နှင့် ကုန်းမြင့်ပေါ်၌ တည်ထားသော မဟာအံ့ထူးကံသာဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်စေတီတော်ကို ကြည်ညိုဖွယ် ဖူးမျှော်ရပါမည်။ ဘုရားကြီးသည် ကျယ်ဝန်းသော ၀တ္တကမြေအတွင်း တည်ရှိနေပါသည်။

ကမ္ဘာတစ်လွှားမှ လှပဆန်းပြားသော တံတားများ

ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လှပပြီး ဒီဇိုင်းဆန်းပြားတဲ့ တံတားများကို Album တစ်ခုအဖြစ် စုစည်းတင်ပြပေးပါမယ်။ တံတားဆိုလျှင် လူအများ ဖြတ်သန်းသွားလာယုံသာမက မျက်စိပသာဒဖြစ်ကာ စိတ်ရွှင်လန်းချမ်းမြေ့စေရန် ဖန်တီးပုံဖော်ထားကြပုံများကို တွေ့မြင်ရမှာပါ။ ထို့ပြင် ခေတ်အဆက်ဆက် သမိုင်းဝင် ရှေးဟောင်းတံတားကြီးများကိုလည်း တစ်ပါတည်း ထည့်သွင်းထားပါတယ်။
January 26, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။

Henderson Waves Bridge… စကာၤပူ


တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အိုလံပစ်တံတား

အိုဇုန်းလွှာ (သို့) ကမ္ဘာမြေ၏ ထီး

အိုဇုန်းလွှာဆိုသည်နှင့် ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိ အပင်နှင့် သက်ရှိသတ္တ၀ါအားလုံး အသက်ရှင်ရပ်တည်နိုင်ဖို့ ကာကွယ်ပေးထားသော လေထုအလွှာဖြစ်ကြောင်း သိကြပါသည်။ ထိုအိုဇုန်းလွှာ၏ ဖြစ်တည်မှုအကြောင်းအရာများ ၊ သဘောသဘာဝများ နှင့် ကမ္ဘာ့လေထုလွှာ လေးခုအကြောင်းကိုပါ တင်ပြပေးချင်ပါသည်။ အိုဇုန်းအလွှာ ဆိုတာကတော့ ကမ္ဘာ့လေထုအလွှာများထဲမှ နေရောင်ခြည် (ခရမ်းလွန် ရောင်ခြည်) Ultraviolet Radiations (UV Rays) များကို စုပ်ယူတဲ့ နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာမြေကြီးကို လေထုအလွှာများက ၀န်းရံထားပါသည်။ ကမ္ဘာမြေတွင် အဓိကလေထုအလွှာ လေးခုရှိပြီး အပင်နှင့် သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ်အရေးပါသော အိုဇုန်းလွှာသည် စထရာတို စဖီးယား (The Stratosphere) အလွှာထဲတွင် သဘာဝအတိုင်း တည်ရှိနေပါသည်။ ကမ္ဘာမြေ၏ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉ မိုင် မှ ၂၅ မိုင် ( ၃၀ ကီလိုမီတာ မှ ၄၀ ကီလိုမီတာ) ခန့်တွင် ရှိနေပါသည်။ အထူကတော့ ရာသီဥတု နှင့် ပထဝီ အနေအထားပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိပါသည်။

အိုဇုန်းဆိုတာ အောက်ဆီဂျင် အက်တမ် သုံးခု ပေါင်းထားတဲ့ (O3) ဓါတ်ငွေ့ကို ခေါ်တာဖြစ်ပါသည်။ ထိုအိုဇုန်းလွှာသည် နေမှလာသော UV-B နဲ့ UV-C ရောင်ခြည်တွေကို ကာကွယ်ပေးပါသည်။ တစ်နည်းအားဖြင့် ခရမ်းလွန် ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူ ပေးပါသည်။

Monday, October 29, 2018

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၃)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

နည်းနည်းလေး လွဲသွားတာပါ... :'(

ရှေ့ခြမ်းတော့ပြီးပြီ...

Sunday, October 14, 2018

ကြီးမားလှသည့် စတီး ပုရိတ်ဆိတ်ကောင်ကြီး

မြို့အလယ်လူသွားလူလာများရာအရပ်၌ ပြောင်ပြောင်လက်လက်နှင့် ပုရိတ်ဆိတ်ကောင်ကြီးအား တွေ့မြင်ရသူတိုင်း ရင်သပ်ရှု့မော ကဖစ်စေခဲ့ပါသည်။ ထိုအရုပ်ကြီးကို စတိန်းလက်စတီးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ် Harbin မြို့ကြီး၌ တည်ရှိပါသည်။
ထိုစတီး ပုရိတ်ဆိတ်ကောင်ကြီးသည် အလေးချိန်အာဖြင့် (၁၀) တန်ရှိပြီး ၁၇.၅ မီတာရှည်ကာ ၁၆.၅ မီတာအထိ မြင့်ပါသည်။

လေ ဆင်နှာမောင်း


လေ ဆင်နှာမောင်းဆိုတာကတော့ ကြီးမားတဲ့ မိုးတိမ်တောင်များမှတဆင့် ဖြစ်ပေါ်တတ်တဲ့ ပြင်းထန်သော မုန်တိုင်းမျိုးဖြစ်ပါတယ်။ မြေပြင် နဲ့ မိုးတိမ်တောင်အကြားကိုတော့ ရစ်ဝဲနေတဲ့ ဆင်နှာမောင်းပုံစံ လေဝဲကြီးနဲ့ ဆက်နွယ်ထားပြီး မြေပြင်ပေါ်မှာ ရှိသမျှ နေအိမ် တိုက်တာ အဆောက်အဦးများနဲ့ သစ်ပင်များကို စုပ်ယူ ဖျက်ဆီး နိုင်သော စွမ်းအားရှိပါတယ်..။

လေဆင်နှာမောင်း ဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်(ကြီး) မျိုးကို Supercells လို့ ခေါ်ပါတယ်။ မြေပြင်မှ အမြင့်ပေ ၅၀၀၀ လောက်မှာ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်ပြီး၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပြစ်ခြင်း တို့လည်း ဖြစ်ပေါ်တတ်ပါတယ်။ လေဆင်နှာမောင်းဖြစ်ဖို့အတွက်ကတော့ အပူချိန်အပေါ်လည်း မူတည်ပါတယ်။

ဆင့်ကဲပြောင်းလဲမှု ပုံရိပ်များ

ကျွန်ုပ်တို့ ကမ္ဘာပေါ်က သက်ရှိတွေဟာ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါဆို အခုလူတွေဟာလည်း နောင်ဘယ်လိုပုံစံမျိုး ပြောင်းလဲကုန်ကြမလဲဆိုတာ စိတ်ကူးရေးဆွဲထားကြတာပါ။ ဒီပုံလေးများဟာ သာမာန်ကြည့်ရင် ဟာသပုံလေးတွေ ထင်ရပေမယ့် စဉ်းစားတွေးခေါ်စရာကောင်းတဲ့ အချက်တွေ၊ ယနေ့ခေတ်ကို ထိထိရောက်ရောက် မြင်သာအောင်တင်ပြထားပုံတွေကို တွေ့မြင်ရမှာ အမှန်ပါ။ ကြည့်လိုက်ရအောင်ဗျာ...

ကမ္ဘာ့ဖလားပွဲ၏ အကောင်းဆုံးနှင့် အဆိုးဆုံး ကောက်နုတ်ချက်များ


မော်စကို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ Luzhniki အားကစားရုံတွင် ဇူလိုင်လ ၁၅ ရက်က ကျင်းပပြီးစီးခဲ့သော ကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်နိုင်ငံက ခရိုအေးရှားနိုင်ငံအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ၍ ဗိုလ်စွဲသွားခဲ့သည်။ ရုရှားနိုင်ငံ မြို့ကြီးများတွင် ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲတစ်လျှောက် ပြိုင်ပွဲဝင် ၃၂ သင်း၊ ကစားသမားများနှင့် ကစားပွဲများအနက် အဆိုးဆုံးနှင့် အကောင်းဆုံးဟု ယူဆရသည်များကို အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြလိုက်ပါသည်။


အကောင်းဆုံးဘောလုံးကစားသမား

ခရိုအေးရှားအသင်း တိုက်စစ်မှူး လူကာ မိုဒရစ် (Luka Modric) သည် ရွှေဘောလုံးဆုကို ထိုက်တန်စွာ ရရှိခဲ့ပြီး ကမ္ဘာ့ဖလား အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ရီးယဲလ်မက်ဒရစ်ကလပ်အသင်း ကစားသမားလည်း ဖြစ်သူ အသက် ၃၂ နှစ်အရွယ် လူကာ မိုဒရစ်သည် အခြားကွင်းလယ်ကစားများထက် ကီလိုမီတာများစွာ ပိုပြေးနိုင်ပြီး ၎င်း၏ စွမ်းရည်မြှင့်ပြိုင်ဘက် နောက်တန်းကို ထိုးဖောက်နိုင်စွမ်းရှိကာ အာဂျင်တီးနားအသင်းနှင့် ပွဲစဉ်တွင် ကိုက် ၃၀ အကွာမှ ၎င်း၏ ကန်ချက်ဖြင့် ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါသည်။

ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ


မီးဖိုချောင်သုံး သဘာဝပစ္စည်းအများစုဟာ ကျန်းမာရေးပြဿနာတွေထဲမှာ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေနိုင်တယ်လို့ လေ့လာ စမ်းသပ်ချက်တွေအရ သိရှိရတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ဂျင်း
=====
ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အသုံးများတဲ့ ဂျင်းဟာဆိုရင်တော့ အဆစ်ရောင်ရောဂါ၊ အစာအိမ်နာတာ၊ရင်ဘတ်အောင့်တာနဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) နနွင်း
======
ရောင်ရမ်းနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တဲ့ နနွင်းဟာဆိုရင်တော့ အိန္ဒိယ တိုင်းရင်းဆေးတွေမှာ မပါမဖြစ် မီးဖိုချောင်သုံးပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ကြွက်သားနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေနဲ့ ဖောရောင်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ကမ္ဘာ့ အရပ်အမြင့်ဆုံး မြင်း


          အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှ မြင်းကြီး Big Jake ကို လက်ရှိ ကမ္ဘာ့ အရပ်အမြင့်ဆုံးမြင်းကြီးအဖြစ် ၂၀၁၀ခုနှစ်ကတည်းက ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်ခဲ့ပါသည်။
          မြင်းကြီး Jake သည် ၆.၉၀ ပေ (210.19 cm) အထိအရပ်အမြင့် ရှိခဲ့ပြီး ဒါဟာ လက်ရှိအချိန်တွင် မြင်းများ၌ အရပ်မြင့်ဆုံး မြင်းဖြစ်ပါသည်။
          ထို့ပေမယ့် သမိုင်းတစ်လျောက်တွင် အရပ်အမြင့်ဆုံး မြင်းမှာ ၁၈၅၀ ခုနှစ်မှ Sampson ဆိုသော မြင်းကြီးဖြစ်ပါသည်။ ထိုမြင်းကြီးသည် ၇ ပေ ၂.၂ လက်မ (2.19 m) အထိ အရပ်အမြင့် ရှိခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

ဆီးရီးယားမှာ ဗြိတိန်အထူးတပ်ဖွဲ့ဝင်ခြောက်ယောက်ရဲ့ အသက်ကို သတ္တိရှိရှိကယ်တင်ပေးခဲ့တဲ့ ဗြိတိန်စစ်တပ်သုံး အာဂခွေးကလေး


ဒီခွေးကလေးဟာ ဘယ်လ်ဂျီယံမာလင်နွာ (Belgian Malinois) ခွေးအမျိုးအစား ဖြစ်ပြီး ဗြိတိန်အထူးတပ်ဖွဲ့အတွက် လေ့ကျင့်ပေးထားတဲ့ စစ်မြေပြင်သုံး သိုးထိန်းခွေးဖြစ်ပါတယ်။ ခွေးကလေးရဲ့ ရဲစွမ်းသတ္တိကြောင့် ဆီးရီးယားမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရတဲ့ ဗြိတိန်အထူးတပ်ဖွဲ့ဝင်ခြောက်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်အထူးတပ်ဖွဲ့ဝင်ခြောက်ယောက်ဟာ ခွေးကလေးနဲ့အတူ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ စစ်ကင်းလှည့်လည်နေစဉ်မှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ အငိုက်မိသွားတဲ့ ဗြိတိန်တပ်ဖွဲ့ဟာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အစီအစဉ်တကျနေရာယူထားတဲ့ စစ်သွေးကြွတွေရဲ့ အနီးကပ် ချုံခိုတိုက်ခိုက်မှုမှာ အခက်တွေ့နေခဲ့ရပါတယ်။

FaceTime app သုံးပြီး ဖခင်ကို အသက်ကယ်ခဲ့တဲ့ ၃ နှစ်သမီး


ဖခင်ဖြစ်သူ လေဖြတ်သွားချိန်မှာ အသက် ၃ နှစ်အရွယ် သမီးငယ်က FaceTime app(ဗီဒီယိုဖုန်းခေါ်ဆိုမှု)သုံးပြီး အကူအညီ တောင်းပေးခဲ့လို့ ဖခင် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ မက္ကာဘီဟာ ဇူလိုင် ၄ ရက်နေ့(အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့)က သမီးဖြစ်သူ မော်လီနဲ့အတူ အိမ်မှာရှိနေတုန်း လေဖြတ်ခဲ့တာပါ။ အဲဒီအချိန်မှာ မော်လီက ဖခင်ရဲ့ဖုန်းထဲမှာရှိတဲ့ FaceTime app နဲ့ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ မိခင်ဖြစ်သူ ဒီဗွန်ကို ခေါ်ဆိုခဲ့ပြီး ကြမ်းပြင်ပေါ်လဲနေတဲ့ ဖခင်ရဲ့အခြေအနေကို ပြခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဒီဗွန်က ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး အရေးပေါ်အဖွဲ့က မက္ကာဘီကို ဝင်ချက်စတာ ကျန်းမာရေးစင်တာ ပို့ခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အရေးပေါ် ဦးနှောက်ခွဲစိတ်မှုလုပ်ဖို့ ဖဲလ်ဖက်စ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ မက္ကာဘီ ကြုံခဲ့ရတဲ့ လေဖြတ်ရောဂါဟာ အသက်ရှူတာနဲ့ နှလုံးခုန်နှုန်း စတဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်တစ်စိတ်တစ်ပိုင်း ထိခိုက်တာဖြစ်ပြီး အဲဒီလို ခံစားရသူတွေထဲမှာ ၈၅ ရာခိုင်နှုန်းကျော် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး


သွေးအမျိုးအစားတူသူတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်းမာရေးတွေဟာ များသောအားဖြင့် တူနေတတ်ပါတယ်။၁၉၃၀ ခုနှစ်မှာ ဂျပန်နိုင်ငံ မှာရှိတဲ့ Tokegi Furukawa က သွေးအမျိုးအစားတွေနဲ့ လိုက်ပြီး လူတွေရဲ့ စိတ်သဘောထားနဲ့ ခံနိုင်ရည်တွေ မတူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
သွေးအမျိုးအစားနဲ့လိုက်ပြီး စိတ်နေသဘောထားမတူတဲ့အကြောင်းတွေကို ဂျပန်ရိုးရာအရ “ketsueki-gata”လို့ ခေါ်ပါတယ်။သွေးအမျိုးအစားအလိုက် သင့်ရဲ့ ခံနိုင်ရည်၊ရောဂါဖြစ်နိုင်ချေတွေကို သိပ္ပံပညာရှင်တွေဟာ ၂၀ရာစုအလယ်လောက်က စတင်ပြီး သိရှိခဲ့တဲ့ အချက်အလက်တွေကို ပြောပြပေးချင်ပါတယ်။


(၁) အေသွေး
========-
အကယ်၍များသင်ဟာ အေသွေးပိုင်ရှင်တယောက်ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ အေသွေးနဲ့ အေဘီသွေးပိုင်ရှင်တွေကို သွေးနီဥ လှူဒါန်းနိုင်ပါတယ်။ အေသွေးပိုင်ရှင်တွေဟာ စိတ်ဖိအားပေးတဲ့ ဟော်မုန်းထုတ်လုပ်မှုများပြီး တခြားသွေး ပိုင်ရှင်တွေထက် အစာအိမ်ကင်ဆာဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းမြင့်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေများတဲ့အပြင် ပန်ကရိယကင်ဆာနဲ့ သွေးကင်ဆာလည်းဖြစ်နိုင်ပါတယ်။ဘီဘီစီသတင်းမှာ ဖော်ပြချက် အရ အေသွေးပိုင်ရှင်တွေဟာ ငှက်ဖျားရောဂါတွေကိုလည်း ခုခံနိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ဂျပန်ရိုးရာ “ketsueki-gata”နည်းအရဆိုရင်တော့ အေသွေးပိုင်ရှင်တွေဟာ စိတ်အားထက်သန်တယ်။ ဖန်တီးနိုင်စွမ်းမြင့်မား တယ်။ စဉ်းစား တွေးခေါ်တတ်တယ်။ စိတ်ရှည်ပြီး တာဝန်ယူချင်တဲ့စိတ်ရှိတယ်လို့ ဆိုကြပါတယ်။

Instagram သုံးစွဲသူတွေကြား ရေပန်းစားနေတဲ့ တိုကျိုမှ လာဘ်ခေါ်ကြောင် ဘုရားကျောင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ဂိုတိုကုဂျီ (Gotokuji) ဘုရားကျောင်းဝန်းထဲက လာဘ်ကောင်ကြောင် အဖြူရုပ်လေးတွေကို အကြောင်းပြုပြီး ခရီးသွားအများအပြား လာရောက်လည်ပတ်ကြပါတယ်။ “လာဘ်ခေါ်တယ်”လို့ နာမည်ကြီးနေတဲ့ ညာဘက် ကလေးမြှောက်ထားတဲ့ ကြောင်အဖြူရုပ်ပေါင်း ၁ သောင်းကျော်ရှိတဲ့ ဘုရားကျောင်းကြီးကို လာရောက် လည်ပတ်သူ အများစုကတော့ Instagram သုံးစွဲသူတွေပါပဲ။

Instagrammers လို့ခေါ်တဲ့ အင်စတာဂရမ် သုံးစွဲသူတွေဟာ ဒီကြောင်ရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ပြည်တွင်းကရော၊ ပြည်ပကပါ လာရောက်လည်ပတ်နေကြတာပါ။ “ကျမ Google မှာ Instagram သုံးသူတွေ အသွားဆုံး ဂျပန်က နေရာတွေကို ရှာကြည့်လိုက်တော့ ဒီနေရာလေး ထွက်လာတယ်။ ဒီနေရာလေးက Instagram အသုံးပြုသူတွေ အများဆုံး လာကြတဲ့ ဆုံမှတ်နေရာတခုပါ” လို့ ဟောင်ကောင်ကနေ လာရောက်လည်ပတ်နေတဲ့ ခရီးသွား အမ်မလီက ဆိုပါတယ်။

ဂျပန်ရဲ့ ယဉ်ကျေးမှုဓလေ့အရ ဒီကြောင်ပုံစံလေးတွေက လာဘ်လာဘကို ကိုယ်စားပြုတာပါ။ ထိုင်ဝမ်မှာနေတဲ့ အသက် ၃၁ နှစ်အရွယ် ဓာတ်ပုံပညာသင်ကျောင်းသား ယင်ချီ ကတော့ ဓာတ်ပုံရိုက်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နေလို့ လာဖြစ်ခဲ့တာပါတဲ့။ အင်စတာဂရမ်မှာ ပုံတင်ထားတာ မြင်လိုက်ရပြီးတည်းက ဒီကိုလာချင်စိတ် ပေါက်သွားတာလို့လည်း ဆိုပါတယ်။

သက်တန့်ရောင်စုံလှေကားထစ်များနှင့် Batu လှိုဏ်ဂူကြီး

အဝေးကကြည်သည်နှင့် သက်တန့်ရောင်စုံ လှေကားထစ်များနဲ့ လှပနေတဲ့ မလေးရှားနိုင်ငံမှ Batu လှိုဏ်ဂူကြီးသို့ အတက်လမ်းဖြစ်ပါတယ်။
လှေကားထစ်ပေါင်း ၂၇၂ ထစ်ရှိပြီး အရောင်အနုအရင့်အလိုက် အံ့မခန်းဖြစ်စေရန် အရောင်ခြယ်ထားခြင်း ဖြစ်ပါသည်။ Batu လှိုဏ်ဂူကြီးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးတွင် ရှိပြီး ဟိန္ဒူ ဘုရားကျောင်း (Sri Subramaniar Swamy ဘုရားကျောင်း) လှိုဏ်ဂူဖြစ်ပါသည်။
မလေးရှားနိုင်ငံရဲ့ အမျိုးသားအထိမ်းအမှတ်ဒေသ တစ်ခုဖြစ်ပြီး နှစ်စဉ်ခရီးသွားဧည့်သည်အများအပြား လာရောက်ရာ နေရာတစ်နေရာ ဖြစ်ပါသည်။

လ နှင့် ဒီရေ ဆက်စပ်ပုံ

လ အကြောင်းရေးလိုက်တဲ့ ပို့စ်လေးကို ဆွေးနွေးပေးကြတဲ့ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောပါရစေ..။ ယခု လ နဲ့ ဒီရေ ဆက်စပ်ပုံလေးကို ဆက်ပြီး ဆွေးနွေးပေးချင်ပါတယ်။

လပြည့်၊ လကွယ်ရက် များမှာ ဒီရေ အတက်အကျ ရှိတတ်တာတော့ အားလုံးသိကြမှာပါ။ ဒါဟာ.. လ ရဲ့ ကမ္ဘာကိုဆွဲတဲ့အား သက်ရောက်မှုလို့ ပြောလို့ရပါတယ်။ အဲ့ဒီ့ လ ဆွဲအား (Gravity) ကြောင့် ကမ္ဘာမြေမျက်နှာပြင်ပေါ်က ရွေ့လျားနေတဲ့ (သမုဒ္ဒရာ) ရေတွေဟာ အတက် အကျ ပြောင်းလဲ စီးဆင်းခြင်းတွေ ဖြစ်လာရပါတယ်။

ကမ္ဘာနဲ့ လ ဟာ နယူတန်ရဲ့ နိယာမအတိုင်း ဆွဲအားကိုယ်စီရှိကြပါတယ်။ (စကြဝဠာထဲက မည်သည့် အရာဝထ္ထုမဆို ဆွဲအားကိုယ်စီရှိကြပါတယ်။) ကမ္ဘာ နဲ့ လ ကတော့ အနီးဆုံးဖြစ်လို့ သက်ရောက်မှု ပိုသိသာတာပါ။ ကမ္ဘာရဲ့ ဆွဲအားသက်ရောက်မှုကြောင့်လည်း လ မှာ ပြောင်းလဲခြင်းတွေ ကြုံရပါတယ်။ ဒါပေမယ့်.. ဒီရေအကြောင်းပြောတဲ့အခါ.. ကမ္ဘာ့ဆွဲအားရဲ့ လအပေါ် သက်ရောက်မှုထက်.. လ ဆွဲအားရဲ့ ကမ္ဘာပေါ် သက်ရောက်မှုကို ပိုအလေးပေး ဆွေးနွေးကြရမှာပါ။

ကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆုတို့ ရာဇဝင်


ရွှေဖိနပ်ဆု
=======
Golden Boot လို့လည်း ခေါ်တယ်၊ အရင်က Golden Shoe ဆုပေါ့။ ရွှေဖိနပ်ဆု၊ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာ ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားကို ပေးအပ်တဲ့ ဆု။ ခြေစစ်ပွဲတွေမှာ သွင်းယူတဲ့ ဂိုးတွေကို ထည့်မတွက်ဘူး။ အုပ်စုအဆင့် ခွဲခြား ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်း ပွဲစဉ်တွေကနေ စတင်ပြီး သွင်းယူတဲ့ ဂိုးတွေကို မှတ်သားပြီး သွင်းဂိုး အများဆုံး ကစားသမားကို ပေးအပ်တာပါ။

၁၉၈၂ ခုနှစ်က စတင် ပေးအပ်ခဲ့တဲ့ ဒီဆုက အဆို Golden Shoe အဖြစ် ပေးခဲ့တာပါ။ ၁၉၉၄ ရောက်တော့ သွင်းဂိုး အများဆုံး နှုန်းချင်း တူနေရင် ဂိုးထောက်ပံ့မှု ပိုပြီး လုပ်ဆောင်ပေးနိုင်သူက ရွှေဖိနပ်ဆု ရမယ် ဆိုတဲ့ စနစ်သစ်ကို ပြောင်းလဲ အသုံးပြု ခဲ့ပါတယ်။ ဒီတော့ ရွှေဖိနပ်ဆု ရဖို့က မိမိ ဂိုးများများ သွင်းနေရုံနဲ့လည်း မပြီးသေးဘူး၊ သွင်းဂိုး တူ နေရင် မိမိအနေနဲ့ ရွှေဖိနပ်ဆု ရနိုင်ဖို့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ထောက်ပံ့ပေးမှု လုပ်နိုင်ဖို့လည်း လိုဦးမှာ ပါ။

Sunday, October 7, 2018

ကျောက်ခဲလေးများရဲ့ အနုပညာ

အရွယ်အစားအမျိုးမျိုး အတုံးအခဲလေးများကို အစီအစဉ်တကျ နေရာချကာ လှပတဲ့ စက်ဝိုင်းလေးများအဖြစ် ပုံဖော်ထားမှု ဖြစ်ပါတယ်။ ကြည့်လိုက်ရင် လွယ်တယ်ဟု ထင်မှတ်ရစေပေမယ့် စိတ်ကူးကောင်းကောင်းဖြင့် အချိန်ယူ ဖန်တီးထားမှုကတော့ လေးစားစရာပါ။ Giuseppe Randazzo ဆိုတဲ့ အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးထားမှုများ ဖြစ်ပါတယ်။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၁၂)

သဘာဝ ပန်းပွင့်ပန်းခက်များကို နေရာတကျ စီစဉ်ကာ လှပသော ပုံလေးများအဖြစ် Limzy မှဖန်တီးပုံဖော်ထားခြင်းပါ။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၈)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ။ Tracy Lee Stum မှ ရေးဆွဲထားသော ပုံများ ဖြစ်ပါသည်။

Related Posts Plugin for WordPress, Blogger...