
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပန်းရံစု (လေးထပ်ကြီး ဘုရားမှာ)ထူးဆန်းတဲ့ လိပ်ကြီး တွေ့ရှိ ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ရလို့ ရှားပါး (မျိုးသုန်းပျောက်ကွယ်) တော့မယ့် အိန္ဒိယ ခေါင်းတို ခွံပျော့ လိပ် (Indian barrow-headed softshell turtle) အကြောင်း ရေးပေးလိုက်ပါတယ်။ ရှားပါးတိရိစ္ဆာန် ကာကွယ်နိုင်ဖို့အတွက်ပါ။

Chitra indica လို့ခေါ်တဲ့ ဒီမျိုးနွယ်လိပ်တွေဟာ တောင်အာရှ နဲ့ အရှေ့တောင် အာရှမှာသာရှိပြီး ရေချို မြစ်ချောင်းများမှာ နေထိုင်ကြပါတယ်။ အရွယ်အစား ကြီးမားပြီး.. ငါး၊ ဖား၊ ပုစွန် နဲ့ အခြားသေးငယ်တဲ့ ရေသတ္တဝါ နဲ့ အပင်အချို့ကို စားသုံးပါတယ်။ ( ဗီဒီယိုထဲမှာ ကလေးတွေ ချကျွေးတဲ့ ပေါင်မုန့်ကို မစားတာ တွေ့ရပါတယ်။) စိမ်းပုပ်ပုပ် အရောင်ရှိပြီး လည်ပင်းရဲ့ အရှေ့ပိုင်းဟာ အင်္ဂလိပ်အက္ခရာ "V” ပုံစံမျိုး ဖြစ်ပါတယ်။ ရေအောက် သဲမြေအောက်မှာ အများဆုံး နေထိုင်လေ့ရှိပြီး သူ့ရဲ့ ချွန်နေတဲ့ နှာခေါင်းလေးပဲ ဖော်ထားတတ်ပါတယ်။