
အကျိုးအမြတ်ကို ဦးစားမပေးသည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး MarsOneစီမံကိန်းအရ ကမ္ဘာမြေကို အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ်၌ အခြေချနေထိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ရာ ထိုသို့နေထိုင်ရန် လျှောက်ထားသူ နှစ်ပတ်အတွင်း ၇၈၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်ချုပ် ဘတ်စ်လန်းဒရော့က ထုတ်ပြန်ကြေညာသွားခဲ့သည်။လျှောက်လွှာခေါ်ယူမှုကို သြဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။